အဖြူရောင်တိမ်တိုက်တို့၏ဆုံမှတ်

မြပုလဲခင်

800 Kyats ကျပ်
ဂျူးဂျူးမွန်နဲ့ မွန်မွန်ကျော် က အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သလို ရှိန်း နဲ့ ဝေဖြိုး ကလည်း အခင်ဆုံးသူငယ်ချင်းတွေပဲ။ တစ်ရက်မှာ ရှိန်း ရဲ့ ကြောင်တောင်တောင်နိုင်တဲ့ အပြုအမူတစ်ခုကနေအစပြုလို့ သူတို့လေးယောက်ဟာ သူငယ်ချင်းတွေဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ မွန်မွန်ကျော်နဲ့ ဝေဖြိုးက နှလုံးသားချင်းနီးစပ်ပြီး လက်ထပ်သွားခဲ့ကြတယ်။ ဒီလိုဆိုလို့ ရှိန်း နဲ့ ဂျူးဂျူးမွန်က တစ်ယောက်နဲ့ တစ်ယောက် သဘောမကျဘူးလို့ မထင်လိုက်ပါနဲ့ ... သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် သဘောကျနေကြပါတယ်။ ခက်တာက ရှိန်းဟာ ဂျူးဂျူးမွန်ကို ချစ်ကြောင်းကြိုက်ကြောင်း ဖွင့်မပြောတာပါ။ နောက်ပြီး ရှိန်းရဲ့ရင်ထဲမှာ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ မွန်းလေး ဆိုတဲ့ ကျေးဇူးရှင်တစ်ယောက် ရှိနေပြန်သေးတဲ့အခါ ... ဒီစာအုပ်ဟာ ဖတ်ရတာ ပေါ့ပါးပေမဲ့ ဇာတ်လမ်းအချိုးအကွေ့တွေက တကယ်ကို စွဲမက်ဖွယ်ရာ။ ဒါကြောင့် အောက်ကလင့်ခ်ကိုနှိပ်ပြီး အခုပဲဖတ်ရှုလိုက်ကြပါတော့ ... ။