အျပစ္မဲ့မုသား

မြပုလဲခင်

800 Kyats ကျပ်
ကူးကူးမေသာဆိုတာ ဆတ်ဆတ်ကြဲ မိန်းကလေးတစ်ယောက်။ အိမ်အလုပ်လား၊ ခြံအလုပ်လား၊ မိဘအလုပ်လား ... အကုန်လုပ်တယ်။ ကိုယ့်အားကိုယ်ကိုးတတ်သူ ဆိုပါတော့။ စိတ်ဓာတ်ပြင်းထန်သူ။ သူနဲ့အတူ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်တစ်ယောက်က မင်းတာရာအောင် ! တစ်ဦးတည်းသောသား၊ မိဘတွေကအရမ်းချစ်ရတဲ့ သားတစ်ယောက်ပေါ့။ ဒီလူနှစ်ယောက်ကို ဆုံစည်းစေတာဟာ ယာဉ်မတော်တဆမှုတစ်ခု ! ကူးကူးမေသာ ဆိုင်ကယ်က မင်းတာရာအောင်ရဲ့ ကားကိုဝင်တိုက်မိတာကစတာ။ မင်းတာရာအောင်က ကူးကူးမေသာကို မြင်မြင်ချင်း ရင်ခုန်မိသွားသလို၊ ကူးကူးမေသာကလည်း ထို့အတူပါပဲ။ ဒါပေမဲ့ ကံတရားကလှည့်စားချင်တော့ မင်းတာရာအောင်ကို ကူးကူးမေသာရဲ့ ညီမကို မိဘချင်း သဘောတူချင်နေတာ။ ဆိုတော့၊ မင်းတာရာတစ်ယောက် ကူးကူးမေသာရဲ့ အချစ်ကို ရအောင် ဘယ်လိုနည်းလမ်းတွေသုံးမလဲ ? အပြစ်မဲ့မုသားတွေကြောင့် ဘယ်လိုပြဿနာတွေ တက်လာကြဦးမလဲ ? ဆိုတာ ဖတ်ကြည့်လိုက်ရအောင် !