အခ်စ္ခါးခါး အမုန္းခ်ိဳခ်ိဳ

မြပုလဲခင်

800 Kyats ကျပ်
‘ဇွဲဒင်’ က ထူးဆန်းပြီး နားလည်ရခက်တဲ့ လူမျိုး။ သူ့ရဲ့ စိတ်ထဲမှာ နှစ်နဲ့ချီပြီး ခံစားနေရတဲ့ နာကြည်းချက်တစ်ခုရှိတယ်...။ နောက်တစ်ယောက်က ‘ဆောင်းနေကြာ’။ သူကျတော့ “အချစ်” ဆိုတာကြီးကို အယုံအကြည်မရှိသူ၊ မခံစားချင်သူ၊ ကြောက်ရွံ့တတ်သူ။ နောက်ပြီး ဇွဲဒင်ကို စိတ်ဝင်စားနေပြီး မိဘတွေရဲ့ ရင်းနှီးမှုကို အသုံးချလို့ အတင်းလိုက်ကပ်နေသူ ‘ဝတီ’ ဆိုတဲ့ ကောင်မလေး တစ်ယောက်လည်း ရှိသေးတယ်။ ဒါပေမဲ့ ဇွဲဒင်က ဝတီကို စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာက ဆောင်းနေကြာ။ မထင်မှတ်ထားတာက ဆောင်းနေကြာဟာ ဇွဲဒင်ရဲ့ အစ်မ မေဒင်ကို သေဆုံးစေခဲ့သူနဲ့ သွေးသားတော်စပ်နေတယ် ဆိုတာပါပဲ။ ဒီတော့ ဇွဲဒင်က ဆောင်းနေကြာကို နားလည်ရခက်တဲ့ ပုံစံနဲ့ လိုက်ကပ်နေခဲ့တာ လက်စားချေချင်လို့လား? ဒါမှမဟုတ် တကယ်ကိုရင်ခုန်မိလို့လား? ဝတီနဲ့ သူ့ရဲ့ အခြေအနေကရော? ဒီလိုမေးခွန်းတွေနဲ့ အစပြုထားတဲ့ ဒီဝတ္ထုက ရင်ကိုအေးစေတယ်၊ နွေးစေတယ်၊ တသိမ့်သိမ့်ခုန်စေတယ်၊ နားလည်ရခက်စေတယ်၊ ထိတ်လန့်စေတယ်၊ တည်ငြိမ်စေတယ်။ တကယ်ကို ကောင်းတဲ့ဝတ္ထုတစ်အုပ်ဖြစ်လို့ ဖတ်ကြည့်ကြပါဦး။