သႏၱာန္မိုး

မြပုလဲခင်

800 Kyats ကျပ်
‘လူ့လောက ဇာတ်ခုံကြီးပေါ်က ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ငါ ခံစားတွေ့မြင် နေချင်သေးတယ်။ ကမ္ဘာမြေကြီး ဆိုတဲ့ အဆုံးအစရှာမရတဲ့ လူ့ဘဝပြေးလမ်းကြီးပေါ်က တာဝေးအပြေးသမား တစ်ယောက်လို ပြေးလွှားရင်း လွတ်လပ်တဲ့ လူသားတစ်ယောက်ရဲ့ ခံစားမှုမျိုး အပြည့်အဝ ခံစားကြည့်ချင်သေးတယ်။ ဒါကြောင့် ငါအသက်ရှည်ရှည် နေချင်သေးတယ်။ ရတောင့်ရခဲ လူ့ဘဝကြီးကနေ ငါ အလွယ်တကူ ပြေးထွက်မသွားချင်ဘူး။ ငါ မသေချင်သေးဘူး’ ဆိုတဲ့ ရောဂါဝေဒနာဆိုးတစ်ခု ခံစားနေရတဲ့ ကြည်စင်။ မိဘတွေ သဘောတူထားလို့ လက်ထပ်ရမယ့်သူ ရှိပြီးသား ကြည်စင်တစ်ယောက် သူငယ်ချင်းလဲ့လဲ့နဲ့အတူ ပဲခူးရိုးမဘက် အပျော်ခရီးထွက်ခဲ့တဲ့ တစ်နေ့၊ တောထဲမှာ ဓာတ်ပုံလျှောက်ရိုက်ရင်း တောင်စောင်းတစ်နေရာကနေ ခြေချော်ကျသွားရာက မိုးမာန်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့ကြရတယ်။ ဒါက သူတို့ ပထမအကြိမ် ဆုံတွေ့မှု မဟုတ်ဘူး။ ကြည်စင် လက်ထပ်ရမယ့် ကိုကို နိုင်ငံခြားက ပြန်လာလို့ လေဆိပ်သွားကြိုတဲ့နေ့က အမှတ်မထင် တစ်ကြိမ်ဆုံခဲ့ဖူးသူ။ ဒီကစလို့ … သူတို့ရဲ့ နှလုံးသား စေစားရာ၊ ဘဝနဲ့ အချစ်၊ မေတ္တာနဲ့ အမုန်း၊ ဒီလို သမုဒယပြဿနာတွေနဲ့ ကြုံဆုံကြရပါတော့တယ်။ ဒီအခါ မိုးမာန်နဲ့ ကြည်စင်တို့ရဲ့ အချစ်ဇာတ်လမ်း ဘယ်လို ဆက်လက်စခန်းသွားမလဲဆိုတာ ဆရာမ မြပုလဲခင်ရဲ့ အရေးကောင်းကောင်း၊ အတွေးလှလှ၊ ဇာတ်အိမ်ခိုင်ခိုင် အချစ်လုံးချင်းဝတ္ထုရှည်မှာ ဆက်လက် ဖတ်ရှုကြည့်နိုင်ပါတယ်။