သံယောဇဉ်အလင်းတန်း

မြပုလဲခင်

800 Kyats ကျပ်
အုပ်စိုးနဲ့ ဝါဝါကလေးတို့ရဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုကို ကံတရားက မညှာမတာ ဖျက်ဆီးပစ်ခဲ့တယ်။ အုပ်စိုးနဲ့ လူမမည်အရွယ် သမီးငယ် နီနီကလေးကို ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ နှုတ်ဆက်ခြင်းနဲ့ ဝါဝါကလေးက စွန့်ခွာသွားခဲ့တယ်။ ဒီအိမ်ကြီးမှာ အုပ်စိုးရယ်၊ ဝါဝါကလေးရဲ့ ညီမငယ် ဖြူဖြူကလေးရယ်၊ သမီးလေး နီနီကလေးရယ်၊ ကြီးလတ်ရယ်ပဲ ကျန်တော့တာ။ ဝါဝါကလေး မရှိတော့တဲ့နောက်ပိုင်း အုပ်စိုးအတွက် သံယောဇဉ် တွယ်စရာကတော့ ခယ်မပေမဲ့ ညီမလေးလိုချစ်ရတဲ့ ဖြူဖြူကလေးနဲ့ သမီးနီနီကလေးပဲ ရှိတော့တယ်။ ဖြူဖြူကလေးက ဒီနှစ်မှ ဆယ်တန်းဖြေရမှာ။ နီနီကလေးကို ထိန်းရင်း စာကို တစ်ဖက်က ကြိုးစားနေတဲ့ ဖြူဖြူကလေးကိုလည်း အုပ်စိုး သနားမိတယ်။ ဝါဝါကလေး ရက်လည်ပြီးတဲ့ နောက်တစ်နေ့မှာပဲ ကြီးလတ်က အုပ်စိုးကို စကားတစ်ခွန်း ပြောလာတယ်။ အဲဒါကတော့ နီနီကလေးအပါအဝင် ဒီမိသားစုရဲ့ နောင်ရေးအတွက်၊ ဖြူဖြူကလေး အရွယ်ရောက်လာတာနဲ့ လက်ထပ်ယူဖို့ နားသွင်းခဲ့တယ်။ ဒါပေမဲ့ အုပ်စိုးရဲ့ ဘဝကို အနှောင့်အယှက် ပေးနေတဲ့ တစ်စုံတစ်ခု ရှိနေတယ်။ အဲဒါကတော့ ဝါဝါကလေးရဲ့ ဒိုင်ယာရီ စာအုပ်ပါပဲ။ အုပ်စိုးနဲ့ ဝါဝါကလေးတို့ အိမ်ထောင်ရေး နောက်ကွယ်က အဖြစ်အပျက်တွေက တစ်ချိန်မှာ အုပ်စိုးနဲ့ ဖြူဖြူကလေးတို့ ပတ်သက်မှုကို ဘယ်လို အဟန့်အတား ဖြစ်စေမှာလဲ။ စိတ်ဝင်စားစရာ ဇာတ်ကွက်အလှည့်အပြောင်းနဲ့ လျှို့ဝှက်ချက်တွေက စာဖတ်သူကို ဖတ်လက်စနဲ့ ရပ်မသွားနိုင်အောင် ဆွဲဆောင်ထားပါလိမ့်မယ်။