သူနဲ့လူ

မြပုလဲခင်

800 Kyats ကျပ်
လှပြုံးရှင်နဲ့ ဒေါက်တာထွဋ်ခေါင်က နှလုံးသားဒဏ်ရာ ကိုယ်စီရှိကြသူတွေပါ။ ပြုံးက စတိတ်ကျောင်းသူ ဘဝကတည်းက သူရင်ခုန်ခဲ့ရတဲ့ သတိုးနဲ့ ပတ်သက်ပြီး နှလုံးသား ဒဏ်ရာရထားတယ်။ အချိန်နဲ့ကုစားဖို့ သူငယ်ချင်းချယ်ရီရှိတဲ့ ကလောဆီ ထွက်လာခဲ့တာ။ အဲဒီမှာ ချယ်ရီရဲ့အစ်ကို၊ ပြုံးလိုပဲ အတိတ်ဒဏ်ရာရှိတဲ့ ဒေါက်တာထွဋ်ခေါင်နဲ့ ဆုံစည်းခဲ့ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး ထရော်မာ ရထားတဲ့သူနှစ်ယောက်၊ တွေ့ဆုံမိကြတဲ့အခါ၊ ရင်ခုန်သံ အသစ်တွေ ပေါက်ဖွားလာနိုင်ဦးမလား ? ပြုံးနဲ့ ထဋ်ခေါင်၊ သတိုးတို့အကြား ဘယ်လို အဖြစ်အပျက်တွေ ရှိနေဦးမှာလဲ ? ငြိမ့်ငြိမ့်လေးနဲ့ ဖတ်လို့ကောင်းတဲ့ ဝတ္ထုမို့ ဖတ်ကြည့်ပါဦးနော် !