သစ်တစ်ပင်

မြပုလဲခင်

800 Kyats ကျပ်
...ဆယ်တန်းကျောင်းသားဘဝ ရင်ခုန်ဦးကာလရဲ့ ချိုမြကြည်နူးဖွယ် နေ့စွဲတွေကနေ အစပျိုးလို့ လူငယ်တွေရဲ့ နှလုံးသားခံစားမှုတွေကို ဇာတ်လမ်းဆင် ရေးဖွဲ့ထားတဲ့ ဆရာမ မြပုလဲခင်ရဲ့ သစ်တစ်ပင်၊ အချစ်လုံးချင်းဝတ္ထုရှည် စာအုပ်လေးပါ။ စာတော်တဲ့ စံပျော်ဆိုတဲ့ ကောင်လေးတစ်ယောက် နယ်ကနေ ရန်ကုန် ကျောင်းကို ပြောင်းလာခဲ့တယ်။ အဲဒီအတန်းမှာ အမြဲတမ်း ပထမနေရာကို ယူလေ့ရှိတဲ့ မိုးပွင့်အောင်ဆိုတဲ့ ကျောင်းသူလေးဟာ စံပျော် ရောက်လာပြီးတဲ့နှစ်က စလို့ ပထမနေရာကနေ ဒုတိယနေရာကို ရောက်ရှိသွားခဲ့တယ်။ တစ်ခုသော လပတ်စာမေးပွဲမှာတော့ စံပျော်ဟာ မိုးပွင့်အောင် လိုချင်တဲ့ ပထမအဆင့်နေရာကို နေရာဖယ်ပေးပြီး သူ့အချစ်ကို ဖော်ပြခဲ့တယ်။ ဒီလို အစပျိုး သံယောဇဉ် တွယ်နှောင်ခဲ့ကြတဲ့ စံပျော်နဲ့ မိုးပွင့်အောင်တို့ရဲ့ ကျောင်းသားဘဝ ရက်စွဲတွေ၊ ကုန်လွန်သွားတဲ့ နောက်ပိုင်းကာလတွေမှာတော့ သူတို့ရဲ့ ငယ်သံယောဇဉ်၊ သူတို့ရဲ့ ချစ်ခြင်းတွေ ဘယ်လို ဆက်လက်ရစ်နှောင်လေမလဲ၊ ဘယ်လို အဖြစ်အပျက်တွေနဲ့ ဆက်လက်ဖြတ်သန်းကြရ မှာလဲဆိုတာ သစ်တစ်ပင်ဆိုတဲ့ ဝတ္ထုရှည် စာအုပ်လေးထဲမှာ ဆက်လက် ဖတ်ရှု ခံစားနိုင်ပါတယ်။