လှိုင်းကြားကလမင်း

မြပုလဲခင်

800 Kyats ကျပ်
ဗလကြွယ်က ညီအစ်ကိုတွေထဲမှာ အလတ်ကောင်။ ခန္ဓာကိုယ်ထွားထွား၊ အနေအထိုင်ခပ်ကြမ်းကြမ်း၊ ခပ်မိုက်မိုက်။ အိပ်မှာမနေဘူး။ တွေ့ရာနေရာမှာအိပ်တယ်။ တောထဲမှာ အရက်သောက်တယ်။ ခပ်ဆိုးဆိုး ဆိုပေမဲ့၊ စိတ်ထားကတော့ အင်မတန်ကောင်းတယ်။ လူတိုင်းကို ကူညီတယ်။ တစ်နေ့၊ ရေနစ်ပြီး မျောလာတဲ့ ယဉ်ကျေးကို သူကယ်ဖြစ်ခဲ့တယ်။ ယဉ်ကျေးဆိုတာ မြို့ကလာတဲ့ သူ့အိမ်က ဧည့်သည် ဖြစ်နေတာကို နောက်မှ သိလိုက်ရတယ်။ သိပ်မကြာပါဘူး၊ ယဉ်ကျေး မြို့ပြန်တာကို လှိုင်းထဲလေထဲ လိုက်နှုတ်ဆက်ရင်း သူတို့နှစ်ယောက် ပင်လယ်ထဲကို မျောပါပြီး ကျွန်းတစ်ကျွန်းပေါ် ရောက်သွားပါတယ်။ အဲဒီမှာ လူကြမ်းကြီး ဗလကြွယ်က နူးညံ့လှတဲ့ မြို့သူလေးကို ဘယ်လိုကာကွယ် ကယ်တင်မလဲ၊ စိတ်ထားကောင်းတဲ့ လူကြမ်းကြီးရဲ့နှလုံးသားမှာ အချစ်တွေဘယ်လို ပေါက်ဖွားလာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားပြီး ဖတ်နေရမယ့် ဝတ္ထုပဲ ဖြစ်ပါတယ်။ အပျင်းပြေ ဖတ်ရှုခံစားကြည့်ပါဦး။