လရောင်အတင့် ပန်းအဆင့်

မြပုလဲခင်

800 Kyats ကျပ်
ဆုမြတ်မွန်က နယ်ကအိမ်တစ်အိမ်မှာ သက်ကြီးရွယ်အိုတစ်ဦးကို စောင့်ရှောက်ရတဲ့အလုပ် သွားလုပ်တယ်။ သူက ပညာတတ်၊ စာရေးဆရာမဖြစ်ဖို့ကြိုးစားနေသူဆိုပေမယ့် ဒီအလုပ်ကို စိတ်ဝင်စားလို့ သွားလုပ်တာ။ အချိန်ကြာလာတော့ သူစောင့်ရှောက်ရတဲ့ ဒေါ်ခင်သက်ဆိုသူနဲ့ သားအမိလိုဖြစ်လာတယ်။ သူ့အိမ်မှာ မိသားစုဝင်လို ဖြစ်လာတာပေါ့။ သူနဲ့မတည့်တာက ဒေါ်ခင်သက်ရဲ့ သားလတ် ဘုန်းဆန်းလတ် ဆိုတဲ့လူပါ ! သူက စိတ်ကြမ်း၊ ကိုယ်ကြမ်း။ သူ့အမေပြောတာတော့ စိတ်သဘောထား ကောင်းပါတယ်တဲ့။ ဒီလိုနဲ့ တဖြည်းဖြည်း ဘုန်းဆန်းလတ်က ဆုမြတ်အပေါ် နူးညံ့သိမ်မွေ့လာသလို၊ ဆုမြတ်ကလည်း သူ့ချစ်သူပုံစံကို မြင်ယောင်ကြည့်တဲ့အခါ ဘုန်းဆန်းလတ်ကိုပဲ အရင်ဆုံးစဉ်းစားမိတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့၊ အချစ်စစ်တို့ရဲ့ ခရီးလမ်းက ဘယ်လိုများနေမှာလဲ ? ခံစားကြည့်ရအောင် !