ရင်ကွဲမြှုံး ဝတ္ထုတိုစုစည်းမှု

မြပုလဲခင်

800 Kyats ကျပ်
>> ဒီစာအုပ်က ဝတ္ထုတိုစုစည်းမှုလို့ ဆိုလို့ရသလို မဂ္ဂဇင်းဝတ္ထုတို စုစည်းမှုလို့ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ထဲမှာပါတဲ့ ဝတ္ထုတိုတွေက မဂ္ဂဇင်းတွေမှာ ဖော်ပြပြီးဖြစ်တဲ့ ဝတ္ထုတိုတွေဖြစ်နေလို့ပါပဲ။ ဝတ္ထုတိုတွေဖတ်ပြီး တွေးရမယ်၊ ငေးရမယ်၊ ဆွေးရမယ်၊ ကြေကွဲဝမ်းနည်းရမယ်၊ ရင်ခုန်ရမယ်။ တကယ်ကို ရသအစုံပါတဲ့ စာအုပ်တစ်အုပ်ပါပဲ။ >> ခေတ်သစ်မဂ္ဂဇင်း၊ ကလျာမဂ္ဂဇင်း၊ ပွင့်ဦးရုပ်စုံမဂ္ဂဇင်း၊ မင်းလှမဂ္ဂဇင်း၊ Beauty Max magazine ၊ နှင်းဆီမဂ္ဂဇင်း နှစ်ပတ်လည်၊ သည်းထိတ်ရင်ဖိုမဂ္ဂဇင်း တို့အပြင် အခြားနာမည်ကြီး မဂ္ဂဇင်းတွေမှာ ဖော်ပြပြီးဖြစ်တဲ့ နွေးထွေးသောအချစ်၊ ကြေကွဲမှု မှတ်တမ်းတစ်ပုဒ်၊ ငိုချင်းသည်၊ ဘီလူးဂမုန်း၊ ရင်ကွဲမြှုံး၊ ချစ်ခြင်း၏ ဘုရင်မ၊ နှလုံးသား ပဲ့ကြွေသံ၊ ဒဏ္ဍာရီဟူ၍သာ စတဲ့စတဲ့ ဝတ္ထုတိုတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုခံစားရမှာပါ။