မာန်ကကြိုးနှင့် ဟန်ရုပ်သွင်

မြပုလဲခင်

800 Kyats ကျပ်
ကောင်းဆက်လင်း က လူငယ်ဆိုပေမဲ့ စိတ်ထားရော၊ နေပုံထိုင်ပုံကပါ လူကြီးဆန်တယ်။ မဟုတ် မခံစိတ်ရှိတယ်။ အဲဒီလိုလူက ရိုစီနဲ့ နန်စီဆိုတဲ့ ဘေးအိမ်က ကောင်မလေးနှစ်ယောက်ကို ကြည့်မရဘူး။ ရိုစီနဲ့ နန်စီက နိုင်ငံခြားမှာ ကြီးပြင်းလာသူတွေဆိုတော့ ခေတ်အရမ်းဆန်တယ်၊ မာနကြီးတယ်၊ အထက်စီးက နေထိုင်ရတာကို သဘောကျတယ်။ အဲဒါကို ကောင်းဆက်လင်းက နည်းနည်းလေးမှ ကြည့်မရဘူး။ ရိုစီက ကောင်းဆက်လင်းကို နည်းနည်းသဘောကျသလို ရှိပေမဲ့ နန်စီကတော့ ကောင်းဆက်လင်းကို လုံးဝကြည့်မရဘူး။ သူတို့နှစ်ယောက် စပြီးဆုံကတည်းက ရန်ဖြစ်နေတာလည်းပါတာပေါ့… လူကြီးချင်း ခင်မင်နေကြလို့သာ ကောင်းဆက်လင်းက သည်းခံပြီး နေထိုင်နေရတာပါ။ ဒီလိုအစပြုထားတဲ့ သူတို့တွေရဲ့ ဇာတ်လမ်းက နောက်ပိုင်းမှာ ကြည့်မရတာကနေ ကြည့်မ၀ ရှုမဝ ဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။ ရယ်စရာတွေ၊ ရင်ခုန်စရာတွေ၊ ဒေါသထွက်စရာတွေ၊ ခပ်နွေနွေးခံစားချက်တွေပါဝင်တဲ့ ဒီဝတ္ထုက တကယ်ကို အမိုက်စားပါပဲ။