မဟူရာမျက်လုံး အဖြူရောင် အဇ္ဈတ္တ

မြပုလဲခင်

800 Kyats ကျပ်
လွိုင်ကော်မြို့ကလေးဆီ ခရီးထွက်လာခဲ့တဲ့ ထက်ရဲနိုင်တစ်ယောက် လေဆိပ်ဝင်းမှာ သူ့ခရီးဆောင်အိတ်ကို တစ်ယောက်ယောက်က မှားယူသွားတာကြောင့် လေဆိပ်တာဝန်ခံရဲ့ စီစဉ်ပေးမှုနဲ့ ခရီးဆောင်အိတ် မှားပါသွားသူကို ရှာဖွေခဲ့ပါတယ်။ အိတ်မှားယူသွားတဲ့သူ နေထိုင်တဲ့အိမ်ကို သိရလို့ လိုက်သွားတဲ့အခါ ခြံတံခါးဖွင့်ဖွင့်ချင်း ဝေါင်းခနဲ မာန်ဖီသံနဲ့အတူ ပြေးဝင်လာတဲ့ ခွေးသမင်ကြီးတစ်ကောင်။ လျှင်မြန်တဲ့ ထက်ရဲနိုင်ရဲ့ ညာဖြောင့်လက်သီးချက်နဲ့အတူ ခွေးသမင်ကြီး မြေပေါ် ပက်လက်လဲသွားချိန်မှာ အိမ်ပေါ်ကနေ ပြေးဆင်းလာတာက ခွေးသမင်လို မာန်ဖီတတ်တဲ့ မိန်းမလှလေးတစ်ယောက်။ ပြီးတော့ နောက်ထပ် ထွက်လာတာက အေးချမ်းတည်ငြိမ်တဲ့ အမျိုးသမီးတစ်ဦး။ လွိုင်ကော်မြို့ကလေးကတော့ အလည်ရောက်လာတဲ့ ထက်ရဲနိုင်ကို အပြုံးနဲ့ မမတစ်ယောက်ရယ်၊ အမုန်းနဲ့ မိန်းကလေးတစ်ယောက်ရယ်၊ ဆန့်ကျင်ဘက် ဟန်ပန်နှစ်မျိုးနဲ့ ဆီးကြိုလိုက်ပါတယ်။ သူ့ကို အပြုံးနဲ့ ဆီးကြိုတဲ့ မမနာမည်က မြရည်နန္ဒာမင်းလွင်တဲ့။ အမုန်းနဲ့ ကြိုဆိုသူ ခွေးသမင်မလေးကတော့ ရှင်စက်ဘို ဆိုတဲ့ … ခပ်ဆိုးဆိုး ကောင်မလေးပဲ။ ဒီညီအစ်မနှစ်ယောက်ရယ်၊ သာယာလှပတဲ့ တောင်ပေါ်မြို့ကလေးရယ်၊ အရေးကြီးတဲ့ အကြောင်းကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ လွိုင်ကော်မြို့ကလေးရှိရာ အလယ်အပတ်ခရီးထွက်ဟန် ရောက်ရှိလာတဲ့ ထက်ရဲနိုင်ဆိုတဲ့ လူငယ်တစ်ယောက်ရယ်၊ ဘယ်လို ဇာတ်လမ်းဆက်ပြီး ဘယ်လို စိတ်ဝင်စားစရာတွေ ပြည့်နှက်နေမလဲ ဆိုတာတော့ …