ပျားရည်အဆိပ်

မြပုလဲခင်

800 Kyats ကျပ်
မိုးဆိုတဲ့နာမည္ကို ရဲဝံ့ကေပးထားတာ။ မိုးကားနဲ့ရဲဝံ့ ကားတိုက်မိမလိုဖြစ်ပြီး မိုးက အတိတ်မေ့သွားတယ်။ ရဲဝံက မိုးကို တာဝန်ယူ စောင့်ရှောက်ပေးထားတယ်။ ခက်တာက မိုးရဲ့ကားပေါ်မှာ လူသေအလောင်းတစ်လောင်း တွေ့လိုက်ရတဲ့ကိစ္စ ! မိုးကတော့ အတိတ်မေ့နေတာကလွဲလို့ လက်ရှိ အနေအထားမှာ ခပ်ရိုးရိုး၊ ခပ်အအ မိန်းမမျိုးမဟုတ်ဘဲ လူတွေရဲ့မနောကို ကျွမ်းကျွမ်းကျင်ကျင် အကဲခတ်နိုင်တဲ့ မိန်းမဖြစ်နေသေးတယ်။ ဒီလိုအနေအထားမှာပဲ၊ မိုးကတော့ ရဲဝံ့ရင်ထဲမှာ နေရာယူထားနေပါပြီ။ ဒါပေမဲ့၊ မိုးရဲ့ သရုပ်မှန်က ဘာလဲ ?? ပျားရည်အဆိပ်ဆိုတာ ရဲဝံ့အတွက် ချိုမြိန်သော ခါးသက်ခြင်း ဖြစ်နေမလားဆိုတာ ....