တာဝေးပြေးလမ်းပေါ်သို့ ကြယ်တွေခုန်ဆင်း ကခုန်ခြင်း

မြပုလဲခင်

800 Kyats ကျပ်
ဒေါက်တာချစ်သွေး တစ်ယောက် သူငယ်ချင်းမင်္ဂလာဆောင်ကိုသွားရင်း လမ်းတစ်ဝက်မှာ သူငယ်ချင်းတွေရဲ့ ကောင်းမှုကြောင့် စခန်းရောက်၊ ဂတ်ရောက်ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ချစ်သွေးရဲ့ကံက အဆိုးကြီးတော့ မဟုတ်ပါဘူး။ မွန်မွန်မင်းဆိုတဲ့ ချစ်စရာကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ရတယ်လေ။ အစတုန်းကတော့ ချစ်သွေးက ဂျူးဂျူးဆိုတဲ့ သနားစရာကောင်းတဲ့ ကလေးမလေးကြောင့် မွန်မွန်မင်းကို ကလေးအမေလို့ ထင်သွားခဲ့သေးတယ်။ နောက်ပိုင်းမှာတော့ ချစ်သွေးတစ်ယောက် သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ပြန်လွတ်လာပြီး သူရင်ခုန်ခဲ့ရတဲ့ မွန်မွန်မင်းနဲ့ ပြန်ဆုံရတဲ့အခါ… ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဆုံတွေ့မှုကို ကာဆီးမယ့် လူတချို့ရှိနေတဲ့အခါ ... ဒီတော့ သူတို့နှစ်ယောက် ဘယ်လိုရင်ခုန်စရာတွေ၊ ရယ်စရာလေးတွေ၊ စိတ်ဝင်စားစရာလေးတွေကို ကြုံတွေ့ရမလဲဆိုတာ သိချင်နေကြပြီထင်တယ် ... ။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်ဖို့ကောင်းတဲ့ အချစ်ဝတ္ထုလေးကို အခုပဲ ဖတ်ကြည့်လိုက်တော့ဗျို့။