ချစ်ခြင်းဖြင့် ဖြစ်တည်စေသောသစ္စာ

မြပုလဲခင်

800 Kyats ကျပ်
ကျောင်းအုပ်ဆရာမဖြစ်တာနဲ့ အညီ တည်ငြိမ်တဲ့ ဒေါ်ပိတောက်ကိုကို။ သူ့တို့မြို့ဆေးရုံကို သူ့ညီမဖြစ်သူ ဇလပ်ကိုကို ရောက်လာမယ်ဆိုတော့ ဒေါ်ပိတောက်ကိုကိုတစ်ယောက် ရင်မောနေမိတယ်။ ဇလပ်ကိုကို ကိုမြင်တိုင်း ဘာဖြစ်လို့ရင်မောနေမိရတာလဲ။ အတိတ်မှာ သူနဲ့ ဆုံတွေ့ခဲ့ရပေမယ့် လက်မတွဲခဲ့ရတဲ့ K.N.U ခေါင်းဆောင် စောပြည့်ဝန်းနဲ့များ ပတ်သက်နေလို့လား။ ပတ်သက်ခဲ့ရင်ရော ဘယ်လောက် အတိုင်းအတာအထိများ ပတ်သက်နေလို့လဲ။ နှစ်ပေါင်းများစွာ အတူနေထိုင်လာကြတဲ့ မောင်နှမတွေဖြစ်ပေမဲ့ ဇလပ်ကိုကိုအပေါ် တစ်ခါမှ မျက်နှာသာမပေးခဲ့တဲ့အထိ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအဖြစ်အပျက်တွေရှိလို့လဲ ... ❤ လောကကြီးမှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး၊ ဂုဏ်ဒြပ်ဆိုတဲ့ အပေါ်ယံ အရေခွံဟာလည်း လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဘယ်အတိုင်းအတာအထိ ဖုံးကွယ်ထားနိုင်မှာလဲ။ (ဒေါ်ပိတောက်ကိုကို) ဒီဝတ္ထုထဲက ဇာတ်လမ်းဇာတ်ကွက် အရွေ့အပြောင်းက တကယ်ကို ကောင်းလွန်းပြီး ဇာတ်လမ်းမြှုပ်ကွက်တွေကလည်း စာဖတ်ပရိသတ်ရင်ကို ထိစေမှာလို့ လက်ကမချတမ်း ဖတ်မိသွားပါလိမ့်မယ်။ ဝတ္ထုက ဆရာမ မြပုလဲခင်ရဲ့ ကလောင်သက်တမ်း အနှစ် (၂၀) မြောက်ဖြစ်တဲ့အပြင် လုံးချင်းဝတ္ထုအုပ်ရေ (၁၅၀) မြောက် အထူးထုတ်ဖြစ်လို့ အားလုံးကို ဖတ်ကြည့်စေချင်ပါတယ်။