စိတ်အလှဖြင့် ဘဝကိုအလှဆင်

မြတ်ငြိမ်း

700 Kyats ကျပ်
ဒီဘိုးနိုးရဲ့ How to have a beautiful Mind စာအုပ်ကို ဆရာမြတ်ငြိမ်း မြန်မာဘာသာ ပြန်ဆိုထားတဲ့ 'စိတ်အလှဖြင့် ဘဝကိုအလှဆင်' ဆိုတဲ့ စာအုပ်လေးပါ။ ဒီဘိုးနိုးဟာ စဉ်းစားတွေးခေါ်ခြင်း နယ်ပယ်မှာ နှစ်ပေါင်း (၃၀) ကျော် ကျင်လည်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ တွန်းလှန်ထက်မြက်တဲ့ တွေးခေါ်နည်းတွေက အကျိုးကျေးဇူး များလှပါတယ်။ ဒီဘိုးနိုးရဲ့ ကျေးဇူးနဲ့ပဲ နိုင်ငံတကာ စာသင်ခန်းတွေမှာ စဉ်းစားတွေးခေါ်ခြင်းကို ဘာသာရပ်တစ်ခုနဲ့ သင်ကြားပို့ချနေပြီ ဖြစ်ပါတယ်။ အခု ဖတ်ကြရမယ့် စာအုပ်မှာလည်း ဒီဘိုးနိုးက စဉ်းစားတွေးခေါ်မှု ပုံစံအမျိုးမျိုး၊ နှုတ်ရေးနှုတ်ရာ ပြောဆိုနည်းတွေ၊ စကားဝိုင်းနဲ့ ဆွေးနွေးပွဲတွေမှာ လူစိတ်ဝင်စားအောင်၊ လိမ္မာပါးနပ်စွာ ပြောဆိုနည်းတွေကို တည်ဆောက်ယူဖို့ နည်းလမ်းတွေ ပေးထားပါတယ်။