ကျားတစ်အုပ် ကြောင်တစ်ကောင်

မြတ်ငြိမ်း

800 Kyats ကျပ်
အချိုးအစားကျကျ စွဲမက်ဖွယ်ကိုယ်ကောက်ကြောင်းတွေနဲ့ လှပပျိုမျစ်မှုတွေကို ပိုင်ဆိုင်ထားဆဲ အသက် ၂၇ အရွယ် ပြင်သစ်မြေပေါ်က အမေရိကန်သူလေး “ရယ်ဂျီနာလင်းဘတ်” ။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အရင်းနှီးဆုံးသူစိမ်းတွေဆိုတဲ့ စကားအသုံးအနှုန်းတောင် ရှိပါတယ်။ ဒါပေမယ့် “ရယ်ဂျီနာ” ဟာ လက်ထပ်ပြီး ခုနစ်လကြာတာတောင် ကိုယ့်ယောက်ျားအကြောင်းကို စတင်တွေ့စဉ်ကထက် ဘာမှပိုမသိရပါဘူး။ ဒါကို စိတ်ပျက်ခြင်းနဲ့အတူ တကယ်မချစ်ဘဲလည်း လက်ထပ်ခဲ့မိတာကြောင့် ယောက်ျားကို ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာပဲ လျှို့ဝှက်မှုတွေက ဆန်းကြယ်ခြင်းနဲ့အတူ သူမဘဝထဲကို ရောက်ရှိလာခဲ့ပါတယ်။ ယောက်ျားဖြစ်သူက အဖြေရှာမရဘဲ ရုတ်တရက် သေဆုံးသွားသလို ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုတွေ ပြည့်နှက်နေ တဲ့အိမ်ဟာ ရုတ်တရက် ပြောင်တလင်းခါအောင် ရှိသမျှ ပစ္စည်းတွေ ပျောက်ဆုံးသွားခဲ့တယ်။ ဒီနောက်မှ ယောက်ျားဖြစ်သူ ဟာ နာမည်လေးမျိုးနဲ့ ပတ်စပို့စ်လေးခုကို ကိုင်ဆိုင်ထားသူဆိုတာရယ်၊ ယောက်ျားဖြစ်သူပိုင်ဆိုင်တဲ့ ငွေကြေးတွေ ပျောက် နေတာရယ် သိလိုက်ရတယ်။ အဲဒီလို အခြေအနေမှာပဲ ယောက်ျားရဲ့ ဈာပနကို တစ်ခါမှ မတွေ့ဘူးတဲ့ အသွင်သဏ္ဍာန်ထူး ခြားမှု တစ်မျိုးစီနဲ့ လူလေးဦးရောက်ရှိလာတဲ့အခါ ... ။ “ကျားတစ်အုပ် ကြားက ကြောင်တစ်ကောင်” အဖြစ်ဟာ စိတ်ဝင်စား ဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတော့တယ်။