အားနာရင်းနဲ့ ချစ်နေမယ်

မြတ်နိုးရှင်း

600 Kyats ကျပ်
ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ရွေးလိုက်ပါနော်။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေရဲ့ နုပျိုလန်းဆန်းတဲ့ ရင်ခုန်သံတွေနဲ့အတူ လိုက်ပါစီးမျောရင်း ချစ်ခြင်းရဲ့ သိမ်မွေ့လှပမှုတွေကို နက်နက်ရှိုင်းရှိုင်း ခံစားကြရမယ့် ဇာတ်လမ်းလေးပါ။ ပျော်ရွှင်စရာကောင်းတဲ့ ကျောင်းသားဘဝ လွတ်လပ်ပေါ့ပါးမှုတွေ၊ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေ၊ လတ်ဆတ်ချိုမြိန်တဲ့ လူငယ်ဘဝ ခံစားချက်တွေနဲ့ အစပျိုးခဲ့တဲ့ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်သိမ်းခန်းမှာတော့ လွမ်းမောစရာလေးတွေ ပြည့်နေပြန်ပါတယ်။ “တစ်ဦးနဲ့တစ်ဦး မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ … စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ” ဆိုတဲ့ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ သီချင်းစာသားလေးလိုပဲ၊ တစ်နယ်စီကနေ အမိတက္ကသိုလ်မှာ လာရောက်တွေ့ဆုံကြ၊ ခင်မင်ရင်းနှီးကြ၊ သံယောဇဉ်အမျှင်တန်းလို့ ချစ်ခန်းကြိုက်ခန်း ဖွင့်ခဲ့ကြ၊ နောက်ဆုံးတော့ … ရေစက်မျှသူတွေ ဖူးစာဆုံကြ၊ ရေစက်နည်းသူတွေ ခွဲခွာကြရရင်း … ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာ အလွမ်းနဲ့ မိတ်ဆွေဖွဲ့ကြရသူတွေလည်း ရှိကြတယ်မဟုတ်လား။ ဒီလိုမျိုး တက္ကသိုလ်ကျောင်းသားဘဝ အမှတ်တရတွေနဲ့ လူငယ်ရင်ခုန်သံ အချစ်ဝတ္ထုရှည်တစ်ပုဒ်မို့ စာချစ်သူတို့ အလွမ်းပြေ ဖတ်ရှုသင့်ပါတယ်လို့ ညွှန်းလိုက်ပါရစေ။