မုသားပျားရည်နှစ်စက် နှင့် ဝတ္ထုတိုများ

မြတ်သင်း

600 Kyats ကျပ်
လူတိုင်းမှာ  ခံစားချက်ကိုယ်တိုင် ရှိပါတယ်။ ခံစားချက်မရှိတဲ့ သူဆိုတာ မရှိပါဘူး။ တကယ်တော့ ရိုးသားတာကောင်းပါတယ်။ ဒါပေမဲ့ ခက်တာက ဒီလောကမှာ ရိုးသားတဲ့သူရှိပေမဲ့ မုသားမသုံးတဲ့သူဆိုတာမရှိပါဘူး။"မုသားမပါ လင်္ကာမချော" ဆိုတဲ့ စကားပုံရှိဖူးပါတယ်။ ကိုယ်လုပ်လိုက်တဲ့ မုသားဟာ ပျားရည်လို တစ်ဘက်လူမှာ ကောင်းတာရှိသလို ၊ နစ်နာသွားတာလဲရှိပါတယ်။ ဒါကြောင့် စာချစ်သူများလည်း ကိုယ်သုံးလိုက်တဲ့ မုသားကို ကိုယ်ကိုတိုင် သိတာရှိခဲ့သလို မသိဘဲဖြစ်သွားတာလဲ ရှိပါတယ်။ ဒါကြောင့်စာချစ်သူများအတွက် ဗဟုသုတရစေရန် ရည်ရွယ်ရင်း ဆရာ မြတ်သင်း ရေးထားတဲ့ "မုသားပျားရည်နှစ်စက်" စာအုပ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ စာချစ်သူတို့ဖတ်သင့်သောစာအုပ်ဖြစ်တာကြောင့် ၀န်ဇင်း မှ သတင်းကောင်းပါးလိုက်ပါတယ်ရှင်။