၂၀၁၃ -၂၀၁၄ ဘာသာစုံ ဂုဏ်ထူးရှင်များနှင့် TOP TEN စာရင်းဝင်ထူးချွန်သူတို့၏ စာစီစာကုံးများ

မြတ်လွမ်းနောင်(ပုတီးကုန်း)

600 Kyats ကျပ်
စာချစ်သူတို့မှာ … စာစီစာကုံး ရေးရတာကို ပျော်ခဲ့ဖူးသူတွေ ရှိသလို၊ မရေးချင်လို့၊ ရေးမတတ်လို့ဆိုပြီး စိတ်ညစ်ခဲ့ဖူးသူတွေလည်း အများကြီး ရှိကြမှာပေါ့နော်။ တကယ်တော့ စာစီစာကုံး ရေးရတာက ပျင်းရိငြီးငွေ့စရာ မဟုတ်ပါဘူး။ ကိုယ်ခံစားရတာ၊ ကိုယ်တွေးမြင်မိတာ၊ ကိုယ်သိနားလည်ထားတာ၊ ကိုယ်ကြုံတွေ့ထားတာတွေကို စာဝါကျတွေအဖြစ် ချရေးပြီး ဖွင့်ဟပစ်လို့ရတဲ့ ကဏ္ဍတစ်ခုပါပဲ။ စာစီစာကုံး အရေးတော်တဲ့သူတွေကို စာချစ်သူတို့လည်း ကျောင်းနေတုန်းက ကြုံဖူးခဲ့ကြမှာပေါ့။ ဝတ္ထုတစ်ပုဒ် ဖတ်နေရသလို ခံစားရစေတဲ့ အရေးအဖွဲ့၊ တင်ပြပုံတွေကို ဆရာ ဆရာမတွေက အမှတ်အများကြီး ပေးခဲ့ကြတာလေ။ အခုလည်း မိတ်ဆက်ပေးချင်တာက စာစီစာကုံး စာအုပ်လေးပါပဲ။ ရေးနည်း ဆိုတာမျိုး မဟုတ်ဘဲ၊ စာမေးပွဲမှာ ကျောင်းသူကျောင်းသားလေးတွေ ကိုယ်တိုင် ရေးသားခဲ့ကြတဲ့ စာစီစာကုံး ကောင်းကောင်းလေးတွေကို စုစည်းတင်ဆက်ထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲက စာစီစာကုံးတွေဟာ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူတွေအတွက် မြန်မာစာဂုဏ်ထူး ရရှိစေဖို့ အထောက်အကူတွေ အများကြီး ပေးနိုင်ပါတယ်နော်။