စာဖတ်သူရဲ့အခန်းကဏ္ဍဍကို ထည့်သွင်းစဉ်းစားပေးတဲ့အမြင်

မြင့်သန်း

600 Kyats ကျပ်
မြင့်သန်းဆိုရင် စာရေးဆရာတစ်ဦးတစ်ယောက် ဒါမှမဟုတ် စာပေရေးရာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဝေဖန်ရေးသားတတ်တဲ့ စာရေးဆရာတစ်ဦးလို့ သိပြီး ဖြစ်မှာပါ။ ဒီစာအုပ်ထဲမှာဆိုရင်၊ စာပေဆိုင်ရာ သာသာကလေး နှက်တဲ့ ဆောင်းပါးတွေ၊ ဘာသာစကားရဲ့ကိစ္စ၊ ဘာသာဗေဒနဲ့ ဘာသာပြန် အကြောင်း၊ အနုပညာ၊ ဒဿနိကဗေဒ၊ ယဉ်ကျေးမှု၊ စာလုံး, စကားလုံး, အသုံးအနှုန်းနဲ့ အနက်မဲ့အသံအကြောင်း၊ ဆင်မြူရယ်ဘက်ကက်ရဲ့ အရေးအသားနဲ့ အတွေးအခေါ်၊ ဂျိမ်းဂျွိုက်စ်အကြောင်း စတာတွေနဲ့ ပတ်သက်ပြီး မဆီမဆိုင် အလွဲလွဲ အမှားမှားရှိနေတဲ့ ကိစ္စတွေနဲ့ ဖြစ်သင့်တာ မဖြစ်ဘဲ မဖြစ်သင့်တာချည်း ဖြစ်နေတဲ့ စာပေ အဆီအငေါ် မတည့်မှု ပြဿနာတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မြင့်သန်းရဲ့ ဆောင်းပါးတွေဟာ တစ်ပုဒ်ဆို ဆိုသလောက် စာဖတ်သူအတွက်တော့ ယူတတ်ရင် အမြတ်ချည်းပဲ ကျန်ခဲ့လိမ့်မှာ ဖြစ်ပါတယ်။