မှော်စက်ရှင်

ဖြိုးဧရာ(မြန်အောင်)

200 Kyats ကျပ်
အောက်လမ်းဆရာကြီး ဦးဘလူ။ မင်းမဟာတစ်ရွာလုံးက ဘလူဆိုရင် ဒူးတုန်အောင်ကြောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘလူက သူနဲ့မတည့်တဲ့သူတိုင်းကို သူ့ပညာနဲ့ သေအောင်သတ်ပစ်လို့ပါပဲ။ အဲဒီလောက်အထိလုပ်နိုင်တဲ့ ဘလူရဲ့ပညာကမသေးဘူး။ မဖဲဝါကိုတောင် ဖမ်းဆီးနိုင်တဲ့ အဆင့်ရှိတယ်။ တစ်နေ့ဘလူ ပညာအဆင့်တက်ဖို့ ကြိုးစားတုန်း အနှောက်အယှက်တွေပေါ်လာလို့ မင်းမဟာတစ်ရွာလုံးကို ဒုက္ခပေးတယ်။ ဒါပေမဲ့ မှော်ပညာကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ မှော်စက်ရှင်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပေါ်လာတဲ့အခါမှာ ဘလူဘဝက မလှပတော့ပါဘူး။ အရေးအသားကောင်းတာကြောင့် ဖတ်နေရင်းနဲ့ ကြက်သီးတဖြန်းဖြန်းထရပါလိမ့်မယ်။ အောက်လမ်းတွေ မှော်တွေ စိတ်ဝင်စားရင်တော့ ဖတ်ကြည့်သင့်ပါတယ်။