ကြုံရဆုံရ သောကထဲမှ ဟာသအလွဲလေးများ

ဖြိုးသစ္စာ

200 Kyats ကျပ်
ကျွန်တော်တို့အားလုံး နေ့စဉ်နေ့တိုင်း ရုန်းကန်လှုပ်ရှားသွားလာနေရတာ ပင်ပန်းကြတယ်မဟုတ်လား။ စိတ်ညစ်စရာတွေ၊ ခေါင်းရှုပ်စရာတွေ၊ သောကတွေနဲ့ ပြည့်နေတာပဲလေ။ ဒါပေမယ့် ကျွန်တော်တို့တွေ သတိမထားမိတာ တစ်ခုတော့ရှိတယ်ဗျ။ ဒီလို သောကတွေကြားထဲမှာ ရုန်းကန်လှုပ်ရှားရာကနေ တစ်ခါတလေ ပျော်စရာလေးတွေ၊ ဟာသအလွဲလေးတွေကို ကြုံရတတ်တယ်ဆိုတာပါပဲ။ ဒီစာအုပ်ထဲ အဲဒီအကြောင်းကို ပြောပြထားတယ်။ ဝန်ထမ်းတစ်ယောက် မနက်မိုးလင်း အိမ်ကနေထွက် YBS စီး၊ ရုံးကနေအိမ်ပြန်ရောက်တဲ့ အချိန်အထိ ကြုံရတဲ့ ဟာသအလွဲလေးတွေကို စိတ်လက်ပေါ့ပေါ့ပါးပါးစွာ ဖတ်လို့ရအောင် ရေးထားတာ။ ဖတ်သင့်တဲ့ စာအုပ်လေးမို့ တင်ဆက်လိုက်ပါတယ်။