ရွှေရင်ကျော်ဆရာ၏အမိန့် အောက်မှ နှစ်ချို့သူယောင်သရဲ၏ရန်စွယ်

ဖြိုးသစ္စာ

300 Kyats ကျပ်
ရွာမှာ အသုဘရှိလျှင် ထိုအသုဘအား မြေမြှုပ်ရန်အတွင် မြေမမြှုပ်ခင် ထိုအလောင်းအား ရေထဲ၌ ဝါးလုံးများကို ကြက်ခြေခတ်စိုက်ထူထားပြီး ထိုကြခတ်ဝါးလုံးထဲမှပင် အလောင်းအား တင်ထားတာကိုလည်း တွေ့ရလေတော့၏။ သုံးလေးရက်ခန့် အကြာမှသာလျှင် ထိုအလောင်းအား မြေမြှုပ် သင်္ဂြိုဟ်ရန်အတွက် လှေပေါ်သို့ တင်ပြီး သယ်ဆောင်ကာ ရွာ၏အနောက်ဘက်မှာရှိသော ကျွန်းစုသဖွယ် ကုန်းမြင့်ဆီသို့ ပို့ဆောင် မြေမြှုပ်ရလေတော့သည်။ ထိုရွာ၏ အနောက်ဘက်တွင်တော့ အုံ့ဆိုင်းညိုမှောင်နေသော တောအုပ်နှင့်အတူ ကျွန်းစု တစ်ခုသဖွယ် ဖြစ်နေသော သစ်ပင်ကြီးငယ်တို့ ပေါက်ရောက်ရာ လူသူသိပ်မသွားရဲသည့် နေရာတစ်ခုဟု ဆိုလျှင်လည်း မှားလိမ့်မည် မထင်ပေ။