ဥစ္စာစောင့်လား အစိမ်းသရဲမလား

ဖြိုးသစ္စာ

200 Kyats ကျပ်
သရဲ၊ တစ္ဆေ၊ စုန်း၊ ကဝေ၊ အထက်လမ်း၊ အောက်လမ်း၊ ဥစ္စာစောင့် စတဲ့ ပရလောကသားတွေအကြောင်းကို လူကြီးသူမတွေရဲ့ ပြောစကားကို နားထောင်ပြီး ကြောက်ရွံ့ခဲ့ကြဖူးမယ် ထင်ပါရဲ့နော်။ ကိုယ်တိုင်တော့ မတွေ့ဖူး မမြင်ဖူးပေမဲ့ သရဲ တကယ်ရှိလား ဆိုတဲ့ ယုံတစ်ဝက် မယုံတစ်ဝက်အတွေးနဲ့ ညအမှောင် သန်းခေါင်အချိန်တွေမှာ ဘာကို ကြောက်လို့ ကြောက်နေရမှန်း မသိအောင် ဖြစ်ခဲ့ဖူးပါသလား။ ကလေးဘဝက သရဲကြောက်ဖူးတဲ့ အချိန်တွေကို ပြန်သွားဖို့ ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဥစ္စာစောင့်လား အစိမ်းသရဲမလား ဆိုတဲ့ ဒီဇာတ်လမ်းလေးက ဆရာဖြိုးသစ္စာရဲ့ ငယ်ဘဝက ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြန်ပြီး ရေးသားထားတဲ့ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုလေးပါနော်။