ဝိညာဉ်စီးသောလှေနှင့် နိမိတ်နောက် နမာလိုက် ဖြစ်ရပ်ဆန်းကြယ် ပရလောကဝတ္ထုတို

ဖြိုးသစ္စာ

200 Kyats ကျပ်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ (၂၀ဝ၈) ခုနှစ်လောက်က မုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး၊ မကြုံဖူး မကြားဖူးတဲ့ လေမုန်တိုင်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီမုန်တိုင်းကြီးဟာ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးဆိုတာ အားလုံး သိပြီးသားပါ။ ဒီမုန်တိုင်းကြီးကြောင့် လူသားပေါင်းများစွာ အသက်အိုးအိမ်၊ စည်းစိမ်များစွာ ထိုခိုက်ပျက်စီးသွားရုံမက လူသားတို့ရဲ့ အသက်ဝိညာဉ်တွေကိုပါ နှုတ်ယူသွားတဲ့ မကောင်းဆိုးဝါးကြီး တစ်ကောင်လို့တောင် ဆိုရမလိုပါပဲ။ နာဂစ်မုန်တိုင်းကြီးရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး အသက်မပေးဘဲ ကျန်ရစ်ခဲ့တဲ့ အဘိုးအိုတစ်ဦး လည်းဖြ၊စ် ရွာမှ ရွာလူကြီးလည်း ဖြစ်တဲ့ အဘိုးသာလှဟာ သူတို့ရွာကို အလည်ရောက်ခဲ့တဲ့ စာရေးသူကို အတိတ်က ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ ကံကြမ္မာဆိုး အဖြစ်ဆိုးတွေအကြောင်း ပြောပြခဲ့ပါတယ်။ နာဂစ်မုန်တိုင်းအတွင်းမှာ မြစ်ထဲ လှေမှောက်ပြီး အသက်သေဆုံးသွားတဲ့ ရဲခေါင်ဆိုတဲ့ လူတစ်ယောက်အကြောင်းနဲ့ သူ့ရဲ့ ဝိညာဉ်က မကျွတ်မလွတ်ဘဲ လူတွေကို ဘယ်လို ဒုက္ခပေးမလဲဆိုတာကို စိတ်ဝင်စားစရာ ရေးသားထားတဲ့ ပရလောက ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။