တစ္ဆေမျက်မှန် ပရလောကဝတ္ထုတို

ဖြိုးသစ္စာ

200 Kyats ကျပ်
လူကြီးတွေ ပြောလေ့ရှိကြတယ်။ သေဆုံးပြီးသူတွေရဲ့ ပစ္စည်းကို ယူထားတာမကောင်းဘူး။ သူတို့နဲ့ တစ်ခါတည်းထည့်ပေးလိုက်ကြဆိုတာလေ… ဒီဝတ္ထုတိုထဲမှာလည်း သေဆုံးသူရဲ့ပစ္စည်းကို အခေါင်းထဲကနေနှိုက်ယူထားမိလို့ တစ်ရွာလုံး ညအိပ်မရအောင် ဒုက္ခရောက်ကြတဲ့ အကြောင်းကိုဖတ်ရမှာပါ။ အလစ်သုတ်သူက သရဲတစ္ဆေကို အယုံအကြည်မရှိတဲ့ ဦးသောင်းစိန်၊ ပြန်လာတောင်းတာကတော့ မျက်မှန်အထူကြီးတပ်ရတဲ့ ဆေးထိုးဆရာ ကိုတင်အေး သရဲပါ။ တကယ်ကို ချောက်ချားဖို့ကောင်းတဲ့ ဝတ္ထုဖြစ်လို့ ဖတ်ကြည့်ကြစေချင်ပါတယ်။