အနောက်တောင်တန်းများပေါ်မှ နေဝင်ဆည်းဆာ

ရွှေညာမေချို

600 Kyats ကျပ်
ဘုန်းလတ် က မိဘမဲ့လေး။ သူ့ကို ဦးသက်မောင်က အိမ်ခေါ်လာပြီး တက္ကသိုလ်ထားပေးတယ်။ အဲဒီမှာ ဦးသက်မောင်ရဲ့သမီး နန်းထိပ်ထားနဲ့ ဆုံခဲ့ရတယ်။ အချိန်တွေကြာလာတော့ သံယောဇဉ်တွေတွယ်ပြီး သူတို့နှစ်ယောက် ချစ်ခဲ့ကြတယ်။ နောက်တော့ ထား ရဲ့ အမေက ဘုန်းလတ်ကို အဆင့်မရှိဘူးဆိုပြီး သူ့သမီးနဲ့ မပေးစားဘဲ မောင်းထုတ်လိုက်တယ်။ အချိန်တွေကြာလာတော့ ဘုန်းလတ်က ကျောင်းဆရာဖြစ်လာတယ်။ တကယ်ကို စိတ်ထားနူးညံ့တဲ့ ကျောင်းဆရာဖြစ်လို့ သူတာဝန်ထမ်းဆောင်ရတဲ့ တစ်ရွာလုံးက သူ့ကိုချစ်ကြတယ်။ အဲဒီလိုအေးချမ်းတဲ့ အခြေအနေလေးတစ်ရပ်မှာ ဘုန်းလတ်က သူသိပ်ချစ်ရတဲ့ ထားနဲ့ ပြန်လည်ဆုံတွေ့ရတဲ့အခါ… အတိတ်က ဒဏ်ရာတွေက တဖန်ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အတိတ်၊ နောက်ပြီး အနာဂတ်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။