နှလုံးသားစေညွှန်ရာ

နွေရွက်လွှာ

200 Kyats ကျပ်
နှလုံးသားရဲ့ စေညွှန်ရာက အချစ်ဆီ ဦးတည်စူးစိုက်ပြီး ချိန်ရွယ်ပစ်ခွင်းတဲ့ မြားတစ်စင်းပါပဲ။ အဲဒီမြားဟာ အမှားမြားလား … သစ္စာမြားလား။ ဒါကို ကာယကံရှင်ကိုယ်တိုင် အသိဆုံး ဖြစ်နိုင်ပါလိမ့်မယ်။ တစ်ခါတစ်ရံမှာတော့ အချစ်ဆိုတာ လူတွေရဲ့ စိတ်ကို အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ကင်းမဲ့စေတဲ့အရာလည်း ဖြစ်ပါတယ်။ အချစ်ကြောင့် လုပ်သင့်၊ မလုပ်သင့်၊ ဖြစ်သင့်၊ မဖြစ်သင့်၊ စဉ်းစားဆုံးဖြတ်ဖို့ ခက်ခဲတတ်ကြတယ်။ ဒါကြောင့်ပဲ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုတဲ့စကား ပေါ်လာရတာပေါ့နော်။ ဒါပေမဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ချစ်မိပြီဆိုရင် ချစ်သူအပေါ် ရိုးသားဖို့တော့ လိုအပ်ပါတယ်။ ရိုးသားဖြောင့်စင်းတဲ့ ချစ်ခြင်းဟာ အချစ်စာမျက်နှာတွေမှာ ထာဝစဉ် သန့်စင်မွန်မြတ်နေမှာပါပဲ။ နှလုံးသားရဲ့ စေညွှန်ရာအတိုင်း မူးဝေမှိုင်းထွေပြီး အချစ်စိတ်နဲ့ မုသားအလိမ်အညာတွေ သုံးခဲ့မိရင်တော့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိ ဆိုသလိုပဲ အမှန်တရား ပေါ်လာတဲ့အခါ ဘယ်လောက်ချစ်ချစ်၊ ဘယ်လိုကောင်းခဲ့ကောင်းခဲ့၊ နောက်ဆုံးမှာ အချစ်ဟာ အမုန်းတရားနဲ့ အလွမ်းအဖြစ် လိမ်ညာမိသူကို မြားလိုစူးစေနိုင်ပါတယ်။ ဒီစာအုပ်လေးရဲ့ ဇာတ်လမ်းအကြောင်းကို ကြိုမပြောချင်လို့ စာညွှန်းကို ဇာတ်လမ်းနဲ့ သက်ဆိုင်မယ်ထင်တဲ့ အချစ်သဘောသဘာဝလေးကိုပဲ ဦးတည်ရေးလိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ စာချစ်သူတို့ကိုယ်တိုင်ပဲ ခံစားလိုက်ပါနော်။