မှော်ဝင်ခေါ်သံ

နွေရွက်လွှာ

200 Kyats ကျပ်
ဂျစ်တူးဆိုတဲ့ ကောင်မလေးဟာ ကျောင်းကအပြန်မှာ ဘုရားပွဲဈေးတန်းဘက် လှည့်ဝင်ခဲ့မိတယ်။ အဲဒါကပဲ ဂျစ်တူးရဲ့ ဘဝမှာ ထိတ်လန့်ချောက်ချားစရာ အဖြစ်အပျက်တွေ ဖြစ်ပွားလာစေဖို့ ခြေလှမ်းစလိုက်မိတာပါပဲ။ ဂျစ်တူးဟာ အဘွားအိုတစ်ယောက် ရောင်းနေတဲ့ စာအုပ်ပုံထဲက စာအုပ်တစ်အုပ်ကို စိတ်ဝင်စားသွားတယ်။ စာအုပ်က ဟောင်းနွမ်းစုတ်ပြတ်နေပြီး အဖုံးကိုကြည့်တာနဲ့တင် ကြောက်စရာကောင်းနေတယ်။ စာအုပ်နာမည်က ‘မှော်ဝင်ခေါ်သံ’ တဲ့။ အိမ်ရောက်တဲ့အခါ ဂျစ်တူးက စာအုပ်ကို စဖတ်လိုက်မိတယ်။ ပထမဆုံး စာမျက်နှာမှာတင် စာအုပ်နဲ့ ပတ်သက်တဲ့ အချက် (၄) ချက်ကို ဖော်ပြထားတယ်။ ၁။ ကြောက်တတ်ရင် မဖတ်ရ။ ၂။ တစ်နေ့တစ်ခန်းထက် ပိုမဖတ်ရ။ ၃။ စာအုပ်ကို မဖျက်ဆီးရ။ ၄။ နောက်ဆုံး စာမျက်နှာအထိ မဖတ်ရ။ ဖတ်မိရင် … ဆိုတဲ့ သတိပေးစာတွေ ရေးထားတယ်။ ဒီစာအုပ်ကို ဝယ်လာတဲ့ ဂျစ်တူးတစ်ယောက် စာအုပ်ထဲက သတိပေးချက်တွေအတိုင်း လိုက်နာနိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲ ဆိုတာ … ။