သုခမြိုင်မှ ချစ်သက်သေ

နွေရွက်လွှာ

200 Kyats ကျပ်
တချို့တည်းခိုခန်းတွေက သရဲအရမ်းခြောက်တယ်ဆိုတာ သိကြတယ်မှတ်လား။ တစ်ခါတလေ အဲဒီလို အခြောက်အလှန့်ကြမ်းတာကလည်း နာမည်ကြီးပြီး လူစိတ်ဝင်စားမှုတွေ ပိုရစေတယ်လေ။ အခုလည်း နွေရွက်လွှာချစ်သူနှစ်ယောက် မေမြို့ကိုလည်ပတ်ရင်း သရဲအခြောက်ခံရတဲ့အကြောင်းရေးထားတာ။ တနေကုန် လည်ပတ်နေတုန်းကတော့ အကောင်းပါပဲ။ နောက်တော့ သရဲအခြောက်ကြမ်းတယ်လို့ နာမည်ကြီးတဲ့ သုခမြိုင်စံအိမ်ကြီး ရှေ့အရောက် ဓာတ်ပုံဆင်းရိုက်ပြီးနောက် ဒုက္ခစရောက်တော့တာပဲ။ ဓာတ်ပုံထဲမှာ နွေရွက်လွှာတို့ ချစ်သူနှစ်ယောက်အပြင် အပိုပါလာတဲ့ မိန်းမကြီးတစ်ယောက်။ တခြားတည်းခိုခန်းမှာတည်းတာတောင် ကပ်ပါလာပြီး သူတို့ချစ်သူနှစ်ယောက်ကို ခြောက်လှန့်တဲ့အကြောင်း။ တကယ်ကို ချောက်ချားဖို့ကောင်းတဲ့ ဇာတ်လမ်းမို့ တင်လိုက်ပြီနော်!