တမလွန်သို့ မေတ္တာ

နွေရွက်လွှ

600 Kyats ကျပ်
အသံကြားရာဆီသို့ ကျွန်မ လှမ်းကြည့်လိုက်တော့ … အခန်းထောင့်မှာ စားပွဲတစ်လုံး၊ ဒါဆို ကျွန်မ ရှာနေတာ … စားပွဲပေါ်မှာ … လှုပ်ပြီး … ဒုတ် .. ဒုတ် … မြည်နေတဲ့ အရာပေါ့။ စားပွဲပေါ်မှာ သွေးတွေလည်း စီးကျလို့ … ကျွန်မလည်း သိချင်ဇောနဲ့ စားပွဲနား သေချာသွားကပ်ကြည့်လိုက်တော့ … အသည်းနှလုံတစ်ခု။ ထိုအခါ … ကျွန်မ ရင်ဘတ်တစ်ခုလုံး … ဟာသွားသည်။ ကျွန်မ … အမှတ်မထင် … ရင်ဘတ် ငုံ့ကြည့်မိတော့ သွေးတွေစီးကျနေပြီး အသည်းနှလုံးမရှိတဲ့ ဟောင်းလောင်းပေါက်ကြီး … “အား”