ကြုံရဆုံရ ဆေးလောက

အေးကမ္ဘာဒေါက်တာချစ်

600 Kyats ကျပ်
ငိုအားထက် ရယ်အားသန်၊ ဆရာဝန်လောက၊ ဆေးလောက ဘဝအတွေ့အကြုံများ ဆိုတဲ့ ရည်ညွှန်းချက်နဲ့ ထွက်လာတဲ့ ဒီစာအုပ်ကတော့ စာရေးသူရဲ့ လုပ်သက် အနှစ်သုံးဆယ်ကျော်အတွင်း နေ့စဉ် ကြုံတွေ့နေခဲ့ရတဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်တွေ အကြောင်း အလျဉ်းသင့်သလို ရေးသားခဲ့တဲ့ ဆောင်းပါးတွေထဲက လက်ရွေးစင်တချို့ကို စုစည်းထားတာပါ။ ဒီဆောင်းပါးတွေက ဆေးပညာပေးနဲ့အတူ လူ့လောက ဇာတ်ခုံပေါ်မှာ တွေ့မြင်နေရတဲ့ အဖြစ်အပျက်တွေကို ရယ်စရာ ပြုံးစရာ ရှုထောင့်အမြင်နဲ့ ရေးထားတာ ဆိုပေမယ့် စာဖတ်သူအတွက်တော့ မက်ဆေ့ခ်ျတစ်ခုခု ကျန်ခဲ့မှာပါ။ ရှုထောင့်ပေါင်းစုံကနေ ခံစားမှုရသအဖြစ် ဖန်တီးရေးဖွဲ့ထားတဲ့ ဒီစာတွေဟာ ကျန်းမာရေး ဗဟုသုတလည်းရ၊ ရသလည်း ပြည့်ဝသလို၊ ရယ်စရာ ပြုံးစရာတွေလည်းပါတော့ ဖတ်ရတာ ပျင်းရတယ်လို့ကို မရှိဘူးပေါ့ခင်ဗျာ။