လည်ပြန်အတွေး စာစုများ

အော်ကျူး

600 Kyats ကျပ်
...ဘဝမှာ အအောင်မြင်ဆုံး အချိန်ကာလတွေကို ပြောပါဆိုလျှင် (၂၀)ကျော် အရွယ်ပေါ့၊ လုပ်ချင် ကိုင်ချင်စိတ်လည်း ထက်သန်တယ်၊ လုပ်သမျှလည်း ဖြစ်တယ်၊ ကုန်ကုန်ပြောရရင် မတော်တဆ အမှားလုပ်မိ ခဲ့ရင်တောင် အဲဒီအမှားက အမှားကောင်း ဖြစ်နေတတ်တယ်၊ မာန်တက်တဲ့ အရွယ်ပေါ့၊ ကိုယ့်ကိုယ်ကိုယ်လည်း သိလှပြီ၊ တတ်လှပြီ အထင်ရောက်တဲ့ အရွယ်၊ ဇောင်းက လွှတ်လိုက်တဲ့ မြင်းကို ချိုတပ်ထားပေးသလိုပါပဲ။ အရာအားလုံးကိုလည်း ကိုယ်သိတယ်၊ ကိုယ်တတ်တယ် ထင်နေတာဆိုတော့ အိမ်က မိဘတွေကိုတောင် ကိုယ့်အလုပ်ကိစ္စတွေ နားမလည် ပါဘူးကွာဆိုပြီး ထင်ခဲ့တာ၊ အလုပ်ထဲက ဆရာသမားတွေကိုလည်း ဒီဘဲကြီး ဒိတ်အောက်နေပြီလို့ အမြဲထင်ခဲ့တာ၊ သူတို့ပြောတာ နားမထောင်ဘဲ ကိုယ့်ဟာကိုယ် ဇွတ်လုပ်ချင်ခဲ့တာ။ (၃၀) ကျော်ပိုင်း နည်းနည်းလေး တည်ငြိမ်လာချိန်မှာတော့ ငယ်တုန်းက ကိုယ်သိလှပြီ ထင်ခဲ့တဲ့ အရာတွေ၊ ကိုယ်ပဲ သိတယ်လို့ ထင်နေတဲ့ အရာတွေ အားလုံးဟာ လူတိုင်းလည်း သိနေပြီးသား ကိစ္စတွေပါလား ဆိုတာသိလာတယ် …