ပုံသဏ္ဌာန်များနှင့်အသုံးချခြင်းများ

အောင်မြတ်ဌေး

600 Kyats ကျပ်
ဆရာအောင်မြတ်ဌေးရဲ့ ခေတ်ပြိုင်အနုပညာဆိုင်ရာ ပို့ချချက်၊ ဆွေးနွေးချက်၊ တင်ပြချက်တွေကို စိတ်ကူးချိုချို စာပေကနေ စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ သရုပ်ပြ ရောင်စုံဓာတ်ပုံ ဝေဝေဆာဆာနဲ့ ဒီစာအုပ်မှာတော့ အနုပညာ ပုံသဏ္ဌာန်တွေကို ဘယ်လို အသုံးချမလဲ၊ ဖန်တီးမလဲ၊ တင်ဆက်မလဲ၊ ခံစားမလဲ ဆိုတာ … စာချစ်သူတို့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ‘ခေတ်ပြိုင် (ကွန်တန်ပိုရာရီ) အနုပညာကို စိတ်ဝင်စားပြီး ဖန်တီးလိုကြတဲ့ မိတ်ဆွေများအတွက် ယခုအစီအစဉ် (၂) ကို စီစဉ်နိုင်ခဲ့တာ ဝမ်းသာမိပါတယ်။ ဘယ်လို အနုပညာပုံစံကို လေ့လာဖန်တီးချင်သူပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင် အင်အားစိုက်ထုတ် ကြိုးပမ်းရင်း စိတ်ကူးဉာဏ်သစ်များကို ရှာဖွေမွေးမြူကြရမှာ အမှန်ပါ။ ခေတ်ပြိုင်အနုပညာကို အရှင်းဆုံး နားလည်ဖို့နဲ့ ကိုယ်တိုင်ဖန်တီးဖို့ဟာ လက်ရှိခေတ်အပေါ် နက်ရှိုင်းစွာ နားလည်သဘောပေါက်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အနုပညာ တစ်ခုကို ဖန်တီးတဲ့ပညာရှင်တစ်ယောက်ဟာ ဦးဆုံးစတင်တွေ့ရှိတဲ့ တီထွင်သူရဲ့စိတ်မျိုးလည်း ရှိသင့်ပါတယ်’ လို့ ဆရာအောင်မြတ်ဌေးက ဆိုထားပါတယ်။ ဒီစာအုပ်ထဲမှာတော့ … နေရာအလိုက် တပ်ဆင်ပြသမှု အနုပညာ၊ ဗွီဒီယို ရုပ်ရှင် နည်းပညာသစ် တပ်ဆင်ပြသမှု၊ ပန်းချီ ပန်းပု ဓာတ်ပုံ စတာတွေကို ရောနှောပေါင်းစပ်ဖန်တီးတဲ့ အနုပညာပုံစံများ၊ အနုပညာရှင်ကိုယ်တိုင် (သို့မဟုတ်) အခြားလူပုဂ္ဂိုလ်တစ်ဦး ပါဝင်လှုပ်ရှားထားတဲ့ အနုပညာပုံစံ စတာတွေကို လေ့လာနိုင်မှာပါ။