မိုးစက်ပုံပြင်

အောင်ဒေါင်းဏီ(ဘဝသစ်)

300 Kyats ကျပ်
ဆေးကျောင်းတက်ချင်ပေမဲ့ ဘဝအခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ချင်တဲ့ ဆရာဝန်ဘဝကို မရခဲ့တဲ့ မိုးစက်ဆိုတဲ့ ကောင်မလေးဟာ သူနာပြုလေး တစ်ယောက်တော့ ဖြစ်ခွင့်ရခဲ့ပါတယ်။ ဆယ်တန်းကျောင်းသူဘဝမှာ စာကြိုးစားနိုင်ဖို့ အကူအညီပေးခဲ့တဲ့ ဥက္ကာဆိုသူ အစ်ကိုကြီး တစ်ယောက်ကိုတော့ မိုးစက်ဟာ သူနာပြု ဖြစ်လာတဲ့ အချိန်ထိ မေ့မရနိုင်ခဲ့ပါဘူး။ တစ်နေ့မှာ ကားအက်စီးဒင့်န် ဖြစ်ပြီး အတိတ်မေ့၊ အောက်ပိုင်းသေနေတဲ့ လူနာတစ်ယောက်ကို ပြုစုဖို့ မိုးစက်ကို မိသားစုတစ်စုက အကူအညီတောင်းခဲ့တယ်။ လူနာကို မြင်လိုက်တဲ့အခိုက်မှာတော့ မိုးစက်တစ်ယောက် အမည်ဖော်ပြရ ခက်ခဲတဲ့ ဝေဒနာတွေကို ခံစားလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့၊ ဘယ်လိုမျိုး ဇာတ်လမ်း အလှည့်အပြောင်းတွေ၊ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရင်ခုန်စိတ်ဝင်စားဖွယ် ဖတ်ရှုရမလဲဆိုတာတော့ စာမျက်နှာထက်မှာ ဆက်လက် ဖတ်ရှုခံစားကြည့်နိုင်ပါပြီ။