ယောက်ျားတွေညာလေသမျှ မိန်းကလေးတွေ ငိုဖို့ပြင်

အောင်လှိုင်

600 Kyats ကျပ်
အလန်းစား စာအုပ်လေးတစ်အုပ် လာပါပြီခင်ဗျ။ ဆရာအောင်လှိုင်ရေးတဲ့ ‘ယောက်ျားတွေ ညာလေသမျှ မိန်းကလေးတွေ ငိုဖို့ပြင်’ တဲ့။ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေပါ ဖတ်သင့်တဲ့ စာအုပ်လေးပါပဲနော်။ အမျိုးသမီးတွေအကြောင်း၊ အဲ … အမျိုးသမီးတွေ နားပူနားဆာ လုပ်တတ်တဲ့ အကြောင်းတွေနဲ့ အစပျိုးထားတယ်ခင်ဗျ။ အမျိုးသမီး အများစုဟာ နားပူနားဆာ လုပ်တယ်ဆိုတဲ့ အသုံးအနှုန်းကို လုံးဝ ငြင်းဆိုတတ်ကြတယ်တဲ့ဗျ။ ဒီကိစ္စကို ကိုယ့်ဆရာ အမျိုးကောင်းသားတို့ကရော လက်ခံချင်ကြရဲ့လား။ တကယ်တော့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေကို ဘဝတစ်သက်တာအတွင်း လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ သတိပေးပြောဆိုတာကို အမျိုးသားတွေက နားပူနားဆာ လုပ်တယ်လို့ မှတ်ထင်ကြတာလို့ ဆိုထားပါတယ်။ အပြုသဘောဆောင်တဲ့ နားပူနားဆာလုပ်မှုပေါ့ခင်ဗျ။ ဒီအခါမှာ အမျိုးသားတွေက လိုက်နာနိုင်ကြမယ်လို့ ကိုယ့်ဆရာတို့ ထင်ရဲ့လားဗျ။ ဘာပဲဖြစ်ဖြစ် … အမျိုးသားနဲ့ အမျိုးသမီးကြားက ပတ်သက်ဆက်ဆံရေးနယ်ပယ်မှာ တကယ်လိုအပ်တဲ့ အကြောင်းအချက်တွေကို ဒီစာအုပ်မှာ ဖော်ပြထားတယ်။ ဖတ်ကြည့်ကြပါဦးဗျ။