ပစ်တိုင်းထောင်

အောင်လင်း

600 Kyats ကျပ်
ဆရာအောင်လင်းလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ နာမည်ကျော် လက်ရာဖြစ်တဲ့ ‘အရိုင်းစံပယ်’ ဝတ္ထုကို ပြေးမြင်မိကြမှာပါ။ အရိုင်းစံပယ်ဟာ အနုပညာလောကနောက်ခံ သရုပ်ဖော်ဝတ္ထုဖြစ်ပြီး အခု ဖတ်ကြရမယ့် ‘ပစ်တိုင်းထောင်’ ဝတ္ထုကတော့ ဘဝသရုပ်ဖော် ဝတ္ထုရှည်တစ်ပုဒ်ပါ။ ဆရာအောင်လင်းကိုယ်တိုင်က ဒီဝတ္ထုဟာ သူ့ရဲ့ ပထမဆုံး ဘဝသရုပ်ဖော် စစ်စစ်လို့ ဆိုခဲ့ဖူးပါတဲ့အပြင် ဒီစာအုပ်ကို ရုရှား၊ ဥဇ္ဖဘက်ကစ္စတန်နဲ့ ဂျာမန်ဘာသာတွေက ဘာသာပြန်ဆိုခဲ့ကြရတဲ့ ဝတ္ထုကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ခေတ်ဟောင်းက ဆိုက်ကားသမားတွေနဲ့ ဆင်းရဲသား လူတန်းစားတွေအကြောင်း သရုပ်ဖော်ထားတဲ့ ဇာတ်လမ်း။ ဒီဇာတ်လမ်းမှာ ခေတ်ဟောင်းရဲ့ မညီမျှတဲ့ လူနေမှုစနစ်နဲ့ အခြေခံလူတန်းစား ဆင်းရဲသားတွေရဲ့ ဘဝကို လေ့လာနိုင်မှာပါ၊ ခံစားနိုင်မှာပါ။ ဆင်းရဲမှုဒဏ်ကို မခံနိုင်ဘဲ စိတ်ချမ်းသာမှု အတုကို ရှာဖွေလိုတဲ့ တောသားလူငယ်တစ်ယောက် မြို့ကိုရောက်လာတဲ့အခါ ပြောင်းလဲကြုံတွေ့ရတဲ့ သူ့ရဲ့ ကံကြမ္မာက ဘယ်လိုများ ဖြစ်လေမလဲ။ ထွက်ပေါက်မဲ့ လူတန်းစားရဲ့ သရုပ်ကို အမျိုးသားဟန် ပီပီပြင်ပြင်နဲ့ ဖန်တီးထားတဲ့ ဘဝသရုပ်ဖော် ဝတ္ထုတစ်ပုဒ်မို့ စာချစ်သူတို့ကို လက်တို့လိုက်ပါတယ်။