အဆိပ်လမ်းမှ ချစ်ပန်းဝေဝေ

အောင်မင်းအောင်

800 Kyats ကျပ်
ထမံသံရွာက နီမောင်ဟာ အမဲလိုက်တယ်။ တစ်နေ့တော့၊ မိန်းကလေးတစ်ယောက်ကို ဝက်ဝံတစ်ကောင် တိုက်ခိုက်နေတာတွေ့လို့ ဝင်ကယ်လိုက်တယ်။ နောက်ပြီးချက်ချင်း၊ မိန်းကလေးက ဘယ်ရောက်သွားမှန်းမသိဘူး ! အဲဒီအချိန်မှာ ကျားတစ်ကောင်ထွက်လာတယ်။ ဒါပေမဲ့၊ အသံတစ်သံကြောင့် ကျားက လှည့်ပြန်သွားပါရာ။ အဲဒါနဲ့ အက်ဒမင်လည်း ဆက်ဖတ်ဖြစ်တယ်။ ဘာဆက်ဖြစ်မှာလဲပေါ့ ? ပိုစိတ်ဝင်စားဖို့ကောင်းတာက နီမောင်ကို သူများအသက် သတ်တဲ့ အလုပ်မလုပ်ဘဲ ဆေးမြစ် ဆေးဥတူးတဲ့အလုပ်,လုပ်ဖို့ တရားချလာတဲ့ အဘိုးအိုတစ်ဦး။ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက စာရာမေတိတောင်ပေါ်မှာ မိန်းကလေးတစ်ယောက်ကို တွေ့တွေ့နေရတယ်။ အဲဒီမိန်းကလေးနောက်လိုက်သွားရင် ကျားဆွဲခံရတယ်တဲ့