သံကွင်းဆက်မာန်စွယ်

အောင်မင်းအောင်

800 Kyats ကျပ်
ဂမ္ဘီရဝတ္ထုတွေထဲမှာမှ ဒီဝတ္ထုက အကြောင်းအရာ တော်တော်စုံတယ်ဗျ။ ဦးမင်းအောင်တို့ ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းမှာ ကြုံရတဲ့ နာနာဘာဝအဖြစ်အပျက်တွေနဲ့ စထားပါတယ်။ တစ်ရက်မှာ၊ မိန်းမလှကျွန်းဘက်သွားတုန်း မိုးချုပ်သွားလို့ သစ်ပင်တစ်ပင်ပေါ် ဦးမင်းအောင်တို့ တက်ပြီး နားကြတယ်။ အဲဒီအချိန်မှာ တောရဲ့မာယာနဲ့ နာနာဘာဝတွေကြောင့် သူတို့နဲ့ အတူပါလာတဲ့ မောင်နီဆိုတဲ့လူ ရုတ်တရက် သေဆုံးသွားတယ် ! အဲဒီနောက်တော့ ဦးမင်းအောင်ကို ဦးဗလပြောပြတဲ့ သက်ကွင်းဆက်လို့ အမည်တွင်တဲ့ ဆင်ကြီးအကြောင်း ပါလာတော့တာပဲ။ နီမောင်ရယ်၊ သူတောထဲမှာ အမှတ်မထင် ကယ်ဆယ်မိခဲ့တဲ့ ဆင်ကလေးတစ်ကောင်အကြောင်းရယ်၊ အဲဒီကနေ စပြီးဖတ်လိုက်တာ စာအုပ်ကို လက်ကမချချင်တော့ဘူး ဖြစ်သွားပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဂမ္ဘီရအဖြစ်အပျက်တွေလည်း ပါလာတာဆိုတော့ စာချစ်သူတို့ ကြိုက်သွားပါလိမ့်မယ်ဗျ။