ဉာဏ်သမား ဦးကလိန်၏ ဇာတ်လမ်းများ

အောင်ပါလေ

600 Kyats ကျပ်
ဉာဏ်သမားဦးကလိန်ကို အခုခေတ်လူငယ်တွေ သိတာနည်းလောက်ပေမဲ့ လူလတ်ပိုင်းတွေနဲ့ သက်ရွယ်ကြီးရင့်သူတွေတော့ ရင်းနှီးနေပါလိမ့်မယ်။ ဉာဏ်သမား ဦးကလိန်ဆိုတာ (၁၉၃၄) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “ရယ်ရွှင်ဖွယ်ဂျာနယ်” တွေမှာ အပတ်စဉ်ဖော်ပြခဲ့တဲ့ စာရေးသူ အောင်ပါလေရဲ့ ဇာတ်လမ်းတွဲတွေပါပဲ။ အဲဒီ ဉာဏ်သမားဦးကလိန်ရဲ့ ဇာတ်လမ်းတွဲတွေကို လက်လှမ်းမီသလောက် စုစည်ပြီးတော့ ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဗဟုသုတရစရာတွေ၊ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ဇာတ်လမ်းတွေပါလို့ ဖတ်ကြည့်စေချင်ပါတယ်။