တပ်မက်မှုအပေါ် ရူးသွပ်ပါ

အောင်တင်ဝင်း

1000 Kyats ကျပ်
ဒီစာအုပ်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ လူတွေမှာထားရှိသင့်တဲ့၊ ကျင့်သုံးသင့်တဲ့ အချက်အလက်တွေကို သေသေချာချာ ပြောပြထားတာပါ။ တချို့ ကိုယ်မသိတာတွေ အများကြီး သိသွားနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။ “တိုးတက်တဲ့တိုင်းပြည်မှာ ရှိတဲ့လူတွေက ဒီအကြောင်းအရာတွေကို လိုက်နာကျင့်သုံးကြတဲ့အတွက် သူတို့ရဲ့ ဘဝတွေသာမက တိုင်းပြည်ကိုအကျိုးပြုနိုင်တဲ့ သားကောင်းရတနာတွေ ဖြစ်နေကြတာကိုတော့ ကျွန်တော်သံသယမရှိ မုချယုံကြည်ခဲ့ရတယ်” လို့စာရေးသူက ဆိုထားပါတယ်။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကလည်း တော်တော်တန်ဖိုးကြီးတယ်လို့ ပြောချင်ပါတယ်။ စည်းကမ်းရှိအောင် ကြိုးစားပါ၊ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ပါ၊ တာဝန်ယူသူဖြစ်ပါစေ၊ ဆင်ခြေပေးခြင်းများကို ရပ်တန့်ပါ၊ အလုပ်ကို ဦးနှောက်သုံး၍လုပ်ပါ၊ အမှားများပြုလုပ်ပါ၊ သစ္စာရှိပါ၊ အာရုံစူးစိုက်ပါ၊ အကောင်းမြင်တတ်ပါ အပြင် တခြား ဆက်စပ် အကြောင်းအရာ ကိစ္စတွေကိုလည်း ပြောပြထားပါတယ်။ ဖတ်ကြည့်ပါဦးဗျ။