အောင်မြင်သူတွေ ဘယ်လိုဦးဆောင်သလဲ

အောင်စည်သာ(မြန်မာပြန်)

600 Kyats ကျပ်
တိုက်ကြီးခြောက်တိုက်၊ နိုင်ငံပေါင်း (၁၂၀) ကျော်မှာ ခြေဆန့်ဟောပြောခဲ့တဲ့ အမေရိကန်နိုင်ငံသား ခေါင်းဆောင်မှုပညာဂုရုကြီး ဂျွန်စီမက်စ်ဝဲလ် (John C.Maxwell) ကို စာချစ်သူတို့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ဒီစာအုပ်က John C.Maxell ရဲ့ "How successful people lead" ဆိုတဲ့ စာအုပ်ကို ဆရာအောင်စည်သာက မြန်မာဘာသာပြန်ဆိုထားတာပါ။ စာချစ်သူတို့အနေနဲ့ အသင်းအဖွဲ့ကစလို့ ကုမ္ပဏီအလယ်၊ အဖွဲ့အစည်းကြီးအဆုံး စတင်ဖွဲ့တော့မယ်ဆိုရင် ခေါင်းဆောင်ဆိုတာ မရှိမဖြစ်ပါပဲ။ ဒီစာအုပ်က စာချစ်သူကို ခေါင်းဆောင်မှု ရဲ့ အဓိပ္ပာယ်ကအစ ခေါင်းဆောင်မှုဆိုင်ရာ အလေ့အကျင့်တွေ၊ တန်ဖိုးတွေ၊ စည်းမျဉ်းတွေနဲ့အတူ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အထိ အခြေခံအကျဆုံး လိုအပ်တဲ့အချက်ငါးချက်ကို တင်ပြထားတာပါ။ မက်စ်ဝဲလ်ရဲ့ ပြေပြစ်တဲ့အရေးအသားကိုမှ ဆရာအောင်စည်သာရဲ့ ရှင်းလင်းတဲ့ ဘာသာပြန်ချက်နဲ့ဆိုတော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ဆိုသလို စာချစ်သူတို့အတွက် ဖတ်ရတာအဆင်ချောစေမှာပါ။ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ၊ အောင်မြင်သူတွေ ဘယ်လိုဦးဆောင်သလဲဆိုတာ သိဖို့ ခုပဲ ဝန်ဇင်းမှာ ဖတ်ကြည့်လိုက်ကြရအောင်နော်...