ကတိစကားလေးတစ်ခွန်း

အောင်ကိုဦး (UMK)

800 Kyats ကျပ်
အခု ထုတ်ဝေတဲ့ ကတိစကားလေးတစ်ခွန်း စာအုပ်က ဒီနှစ်အတွက် (၃) အုပ်မြောက် ဖြစ်သလို ကျွန်တော့်ရဲ့ (၇) အုပ်မြောက်လည်း ဖြစ်ပါတယ်။ ထွက်ရှိခဲ့တဲ့ (၇) အုပ်လုံးကို စဉ်ဆက်မပြတ် အားပေးကြတဲ့ စာဖတ်သူတွေကို ကျေးဇူး အထူးတင်ပါတယ်။ ကျွန်တော် သိသလောက် မျှဝေပေးလိုက်တဲ့ စာစုတွေဟာ စာဖတ်သူတွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်လို့ ကြားရတဲ့ အတွက်လည်း အင်မတန် ဝမ်းသာပါတယ်။ ဒီစာအုပ်လေးက ခါတိုင်းလို ဘဝအောင်မြင်ရေး၊ စိတ်ဓာတ်ခွန်အားဖြည့် စာစုတွေ မဟုတ်ပေမယ့် ရသနည်းနည်းဆန်တဲ့ အတွက် နှလုံးသားကို အထိုက်အသင့် အလုပ်ပေးနိုင်မယ့် စာစုတွေလို့ ပြောကောင်း ပြောနိုင်ပါတယ်။