ပန်းပျိုးသူရဲ့ မှော်အတတ်

အေဘုန်းခေတ်

800 Kyats ကျပ်
အောင်ထက် တရှုံ့ရှုံ့ ငိုနေသည်။ ဖခင်ဖြစ်သူ ကျောင်းအုပ် ဆရာကြီး ဦးရဲမာန်က သားဖြစ်သူ၏ ရောဂါကြောင့် ကျောင်းဆရာ အလုပ်ကို အမျိုးမျိုး ကန့်ကွက်ခဲ့သည်။ အောင်ထက် ဆယ်တန်းအောင်၍ ပညာရေးကောလိပ် တတ်ချင်သော်လည်း ရောဂါကြောင့် မတက်ရ။ ဖခင်ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကာ စီးပွားရေး တက္ကသိုလ် တက်ခိုင်းခဲ့သည်။ အောင်ထက် ဖခင်စကား နားထောင်ပြီး ကျောင်းဆက် တက်ခဲ့သော်လည်း ကျောင်းပြီးသည်နှင့် ကိုယ်ပိုင် ကျောင်းများမှာပဲ ဖြစ်ဖြစ်၊ ပရဟိတပဲ ဖြစ်ဖြစ် စာသင်သည့် အလုပ်လျှောက်ရန် ရည်ရွယ်ခဲ့သည်။ အောင်ထက်သည် ညအိပ်လို့တော့ ပျော်မည် မဟုတ်ချေ။ မနက်ဖြန် ဖခင်ဖြစ်သူက အလုပ်အတွက် မည်သို့ အမိန့်ချမည်နည်း။ မည်သို့ စီစဉ်ဦးမည်နည်း။ မေးခွန်ပေါင်း မြောက်မြားစွာဖြင့် အောင်ထက် ရှုပ်ထွေးနေသည်။