သရဲမင်းသား နှင့် ဒန်းစီးလေဒီ

ဟော့လိုင်း

600 Kyats ကျပ်
လူဆိုတာက မွေးကတည်းက ကိုယ့်ဗီဇနဲ့ကိုယ်၊ ကိုယ့်ဝါသနာနဲ့ကိုယ်ဗျ။ ဘုရင်ဖြစ်မယယ့်ကလေးက မွေးကတည်းက တင်ပါးမှာ ရာဇပလ္လင် ကပ်ပါသလာတတ်သလို၊ သူခိုးဖြစ်မယ့်ကလေးကလည်း မွေးကတည်းက မျက်နှာဖုံးလေးနဲ့ မဟုတ်လား။ ဒီလိုပဲဗျ။ သော်တာသိုက်ဆိုတဲ့ ငနဲက မွေးကတည်းက ဇနဲ့။ စရိုက်ထူးကလေးနဲ့။ မွေးမွေးချင်းမှာ သူနာပြုဆရာမလေးရဲ့ မျက်နှာကို ရှူရှူးနဲ့ ပန်းလိုက်တဲ့ကောင်။ ဒါပေမဲ့ ဒီကလေး ကြီးလာရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းမရသေးဘူး။ မွေးပြီး တစ်လအကြာမှာ သူနာပြုဆရာမရဲ့ ရင်ဖုံးအင်္ကျီကို ဆွဲလိုက်တာ ကြယ်သီးကျွတ်ပြီး ဆရာမလေး အရှက်ကွဲခဲ့ရသေး။ ဒီအထိလည်း ဒီငတိ ကြီးရင် ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းမရသေးဘူး။ နှစ်လသားအရွယ်မှာ သူ့ကို ပွေ့ချီချော့သိပ်နေတဲ့ ဆရာမအင်္ကျီကိုလှန်ပြီး ချက်တော်ကို လက်တော်နဲ့ ထရစ်သတဲ့။ ဒီအထိလည်း ဒီငတိ ကြီးရင် ဘာဖြစ်မလဲဆိုတာ ခန့်မှန်းမရသေးဘူး။ သုံးလသား အရွယ်ရောက်တဲ့အခါမှ ဒီကလေးရဲ့ ဇကို သူနာပြုဆရာမလေး ပထမဆုံး ခန့်မှန်းရိပ်မိသွားတယ်။ ကဲ ... မွေးခါစကတည်းက ဒီလို ဇပြင်းတဲ့ သော်တာသိုက်တစ်ယောက် သရဲမင်းသားအဖြစ် ဘယ်လို ဇာတ်လမ်းဆက်လာမလဲ ဆိုတာကို သိချင်နေကြပြီ ထင်ပါတယ်။