ချစ်လို့မုန်းခဲ့သည်

ဟသေုဒွာ

600 Kyats ကျပ်
ချစ်သူရည်းစား လုံးဝမထားရဆိုတဲ့ ဖခင်နဲ့ အစ်ကိုရဲ့ စကားကို လွန်ဆန်ပြီး မင်းထိုက်စံရဲ့ အချစ်ကို လက်ခံခဲ့တဲ့ ‘နီ’။ နှလုံးသားဆိုတာက အချစ်နဲ့ တွေ့ရင် အရာရာကို ပုန်ကန်ရဲတဲ့ သတ္တိမျိုး မွေးဖွားပေးနိုင်တယ် မဟုတ်လား … ချစ်သူအတွက် မိဘတွေကို လိမ်ညာတတ်လာတယ်၊ အပြင်ကို ခိုးထွက်တတ်လာတယ်။ အိမ်မှာ အငယ်ဆုံးသမီးလည်း ဖြစ်တော့ အားလုံးက နီ့ကို အရိပ်တကြည့်ကြည့်။ ဒီလိုကြားထဲမှာမှ မင်းထိုက်စံကို အရူးအမူးချစ်သူ နီကတော့ အချစ်အတွက် အရာရာ စွန့်စားဖို့ အဆင်သင့်ပဲ။ မိဘတွေ မသိအောင် ခိုးချစ်နေကြတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ ချစ်ပုံပြင်လေးက အမြဲတမ်းတော့ သာယာအေးချမ်းမှုတွေ ပြည့်မနေပါဘူး။ တစ်နေ့ … မင်းထက်စံနဲ့ နီ ချစ်နေကြတာကို နီ့မိဘတွေ သိသွားခဲ့တယ်။ ဆင်းရဲတဲ့ မင်းထက်စံနဲ့ ဘယ်နည်းနဲ့မှ သဘောမတူနိုင်တဲ့အတွက် နီ့မိဘတွေက မရရအောင် ခွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအခါ … နီ ဘယ်လို ဆုံးဖြတ်မလဲ၊ မိဘတွေ ပေးစားတဲ့သူကို ရွေးမလား၊ ချစ်သူကို ရွေးမလား။ ပိုရှုပ်ထွေးသွားတာတစ်ခုက နီနဲ့ မိဘသဘောတူတဲ့လူကလည်း နီ့ကို မရရအောင် ယူမယ်လို့ ဆုံးဖြတ်ထားသူ ဖြစ်နေတဲ့အခါ … ။