ကင်ဆာရောဂါအတွက် အစာစားရန် နည်းလမ်းများ

ဟေမာန်အိမ့်

600 Kyats ကျပ်
ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲလာတဲ့ လူတွေရဲ့ နေမှု၊ ထိုင်မှု၊ စားသောက်မှုတွေကြောင့် ခေတ်ပေါ်ရောဂါအဖြစ် ကင် ဆာရောဂါကို ခံစားလာရစေပါတယ်။ ဒါဟာ လူမှုအသိုင်းအဝန်းရဲ့ ပြောင်းလဲလာခြင်း ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲ။ ဆရာမ ဟေမာန်အိမ့်ရဲ့ ဒီစာအုပ်ကတော့ ကင်ဆာရောဂါ ခံစားနေရသူတွေအတွက် သင့်တော်လျောက်ပတ်တဲ့ ကုထုံးတစ်ခုပါ။ ကင် ဆာရောဂါ ခံစားရသူတွေ ကုသမှု မခံယူမီ၊ ခံယူနေဆဲ၊ ခံယူပြီး ကာလတွေအားလုံးမှာ ကုသမှုနဲ့အတူ တွဲဖက်ရှိသင့်တဲ့ ကုထုံး တစ်ခုလည်း ဖြစ်ပါတယ်။ အဓိကအနေနဲ့ မလွဲမရှောင်သာ လုပ်ဆောင်ရမယ့် စားသောက်မှုပုံစံကို ကုထုံးတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ့် နည်း လမ်းတွေပါ။ ဒီစာအုပ်ထဲမှာ ကဏ္ဍငါးခုပါဝင်ပြီး ကင်ဆာဝေဒနာ ခံစားနေရသူတွေရော၊ ဆက်နွယ်တဲ့ မိသားစုမိတ်ဆွေတွေ သာမက ကျန်းမာရေးဗဟုသုတအနေနဲ့ပါ လေ့လာဖတ်ရှုပြီး ပြန်လည်မျှဝေသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။