စာကြည့်တိုက် ကလေးကဗျာများ

သော်ဇင်အုန်း

600 Kyats ကျပ်
‘ကလေးတွေကို ချစ်ပါ၊ ကမ္ဘာကြီး လှနေပါမယ်’ ဆိုတဲ့ ကဗျာဆရာ သော်ဇင်အုန်းရဲ့ ‘စာကြည့်တိုက် ကလေးကဗျာများ’ စာအုပ်လေး ဖြစ်ပါတယ်။ ကဗျာဆိုတာ နှလုံးသားကို နူးညံ့သိမ်မွေ့စေတဲ့ အနုပညာရပ်တစ်မျိုး ဖြစ်တာမို့ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ အာဃာတတွေ နည်းပါးပြီး ဖြူစင်တဲ့ ကလေးအရွယ်တွေအတွက် သူတို့အသက်အရွယ်နဲ့ လိုက်ဖက်ညီညီ ခံစားနိုင်မယ့် ကဗျာလေးတွေကို ချစ်မက်နှစ်သက်လာဖို့က အရေးကြီးပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ကလေးတွေအတွက် ချစ်စဖွယ်ကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကလေးကဗျာတွေက သူတို့လေးတွေရဲ့ နှလုံးသားကို နူးညံ့သိမ်မွေ့စေမှာဖြစ်သလို သူတို့အရွယ်နဲ့ ညီမျှတဲ့ သုတ၊ ရသတွေကိုပါ ခံစားနိုင်စေမှာပါ။ ဆရာသော်ဇင်အုန်းရဲ့ စာကြည့်တိုက်ကလေးကဗျာများ စာအုပ်ထဲက ကဗျာလေးတွေက သားသားမီးမီးတို့အတွက် ကဗျာဆိုတာ ဒီလိုချစ်စရာကောင်းပြီး နှစ်သက်မြတ်နိုးစရာပါလားလို့ သိသွားနိုင်မှာပါ။ ကဗျာအမြည်း။ ။ မိုးလင်းမိုးချုပ်၊ အလုပ်ရှုပ်၊ မေမေ ဝတုတ်တုတ်။ ဖိုးဝရုပ်နဲ့ မတူပါ၊ မေမေ ပိုလှတာ။ ပါးပြင်ပေါ်မှာ ပါးကွက်ကြား၊ သားသား မွှေးဖို့ဗျား။