မလွမ်းပိုမငိုနဲ့နော်

သောင်းဝေဦး

900 Kyats ကျပ်
ဆရာသောင်းဝေဦးရဲ့ လက်ရာတော်တော်များများက ကိုယ်တွေ့ဖြစ်ရပ်တွေ၊ စစ်သားဘဝအမှတ်တရတွေ များတော့ ဖတ်ရတာ တော်တော်အရသာရှိတယ်ဗျ။ ဒီစာအုပ်ကလည်း ဖတ်လို့ဘယ်လောက်ကောင်းလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ စာအုပ်အစမှာပါတဲ့ တစ်ခါက ကျိုက်ထီးရိုး ဆိုတဲ့ အပုဒ်ကိုဖတ်ပြီး တော်တော်ကြိုက်သွားတာ။ တက္ကသိုလ်ကျောင်းသားဘဝ၊ မမ ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို မရဲတရဲ ကြိုက်မိပြီး ကျိုက်ထီးရိုးတောင်ကို ညတွင်းချင်း တက်လိုက် ဆင်းလိုက်နဲ့ သူချစ်ရတဲ့သူကိုရှာဖွေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ မူးမြစ်ဝှမ်းက လွမ်းချင်းတစ်ပုဒ် နှောင်းသစ္စာက မပြယ်လေတယ်၊ မေ့မရတဲ့ နွေညများ၊ သက်ထားနဲ့ ဆင့်ဆင့်၊ သံလွင်ကို သက်သေတည်၍၊ တောင်ပြာတန်းက သိတယ်၊ ကျွန်တော်နဲ့ ကြောင်နှစ်ကောင်၊ ကြွေလွင့်သွားသော ပန်းကလေးများ စတဲ့စတဲ့ အပုဒ်တိုင်းကိုက ဖတ်လို့အရမ်းကောင်းပါတယ်။ ဆရာ့ပရိသတ်တွေ မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ စာအုပ်ပါပဲ။